အနောက်အုပ်စုက မီးနှင့်ကစားနေသည်ဟု ရုရှားထပ်မံသတိပေး


(နိုင်ငံတကာ) မေ ၂၀

အနောက်အုပ်စုသည် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ဆက်လက်ပေးပို့ခြင်း၊ ရုရှားနယ်မြေများကို တိုက်ခိုက်ရန် အားပေးအားမြှောက်ပြုခြင်းအားဖြင့် မီးနှင့် ကစားနေသည်ဟု ရုရှားအစိုးရက ထပ်မံသတိပေး လိုက်ကြောင်း သိရသည်။

ယူကရိန်းတို့အနေဖြင့် မကြာသေးမီရက်ပိုင်းအတွင်း နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုးရပြီးနောက် ရုရှားအပေါ်တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်လာသည်။ ယူကရိန်းတို့၏ ထိုကဲ့သို့ သောတိုက်ခိုက်မှုများ နောက်ကွယ်တွင် ယူကရိန်းအစိုးရကို ကြိုးကိုင်နေသည့် အမေရိကန်နှင့် ဗြိတိန် တို့ရှိနေသည်ကို မြင်တွေ့ရကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က ပြောသည်။

ထိုပြင် အနောက်အုပ်စုအနေဖြင့် ယူကရိန်းကို တာဝေးပစ်လက်နက်များ ထောက်ပံ့ပေးရုံသာမက ရုရှား အပေါ် တိုက်ခိုက်ရေးအတွက် ထိုလက်နက်များကိုပါ အသုံးပြုခွင့်ပေးထားကြောင်း မာရီယာဇာခါရိုဗာ က ဆက်ပြောသည်။

“အမေရိကန်၊ ဗြိတိန်၊ ဥရောပအပါအဝင် အနောက်အုပ်စုနဲ့ သူတို့ကထောက်ပံ့ပေးထားတဲ့ ယူကရိန်းတို့ကို နောက်ထပ်တစ်ကြိမ်သတိပေးလိုတာက သူတိုဟာမီးနဲ့ ကစားနေတယ်ဆိုတာပါပဲ။

ရုရှားအနေနဲ့ ကိုယ့်ပိုင်နက်နယ်မြေအပေါ် ကျူးကျော်စွက်ဖက်လာမှုကို ဒီအတိုင်းလက်ပိုက်ကြည့် နေမှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။ ယူကရိန်းတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ခရိုင်းမီးယား၊ ခရက်စနိုဒါနှင့် ရုရှားပိုင် နယ်မြေအချိုကို မောင်းသူမဲ့လေယာဉ်များ၊ မောင်းသူမဲ့ရေယာဉ်များဖြင့် တစ်ပြိုင်နက်တည်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ယူကရိန်းတို၏ မောင်းသူမဲ့လေယာဉ်အစင်း ၁၀၀ ကျော်နှင့် မောင်းသူမဲ့ ရေယာဉ်ခြောက်စင်း တိုကို ကြားဖြတ်ဖျက်ဆီးလိုက်နိုင်ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

အလားတူ ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်ထုတ် ATACMS ဒုံးကျည်များနှင့် ဒုံးအလုံးပေါင်း ၂၀၀ နီးပါးကိုလည်း ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews/22760

PAN

SZ