ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီး‌ လေးနှစ်ဆက်တိုက် ရရှိ

(အားကစား) မေ ၂၀

မန်စီးတီးအသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်နောက်ဆုံးရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် အခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကိုရရှိသွားခဲ့ပါတယ်။

ဒါဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၄ နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး ဒါကလည်း ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်တစ်ခုဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်းတိုက်စစ်မှူး အာလင်းဟာလန်းက သွင်းဂိုး ၂၇ ဂိုးနဲ့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုရရှိခဲ့ပြီး ကွင်းလယ် ကစားသမား ဖီးလ်ဖိုဒမ်က တနှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။

စပိန်နည်းပြပတ်ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်ကတည်းက မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၆ ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။

အခုရာသီမှာ မန်စီးတီးအသင်းကို ဖိအားပေးခဲ့တဲ့ အာဆင်နယ်အသင်းကလည်း ရာသီပိတ်အိမ်ကွင်းပွဲမှာ အဲဗာတန်အသင်းကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် တစ်ဖက်မှာမန်စီးတီးအသင်းက အနိုင်ရသွားခဲ့လို့ အခုရာသီမှာလည်း ဒုတိယအဖြစ်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။

မန်စီးတီးအတွက်တော့အခုချန်ပီယံဆုက ၈ ကြိမ်မြောက်ဖြစ်ခဲ့ကြောင်း သိရပါတယ်။