စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက် နှစ်ဆနီးပါးမြင့်တက်


(နိုင်ငံတကာ) မေ ၂၀

စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအရေအတွက် နှစ်ဆနီးပါးမြင့်တက်လာသောကြာင့် ဆေးရုံများအနေဖြင့် ခုတင်အလွတ်များရှိအောင် ကြိုတင်ပြင်ဆင်ထားရန် ကျန်းမာရေးဝန်ကြီးဌာက ညွှန်ကြား ထားသည်။

မေလ ၅ ရက်မှ ၁၁ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအရေအတွက်မှာ ၂၅,၉ဝဝ နီးပါး ရှိသည့်အတွက် ထိုရက်မတိုင်ခင်သီတင်းပတ်ရှိ ရောဂါဖြစ်ပွားသူ ၁၃,၇၀၀ နှင့်နှိင်းယှဉ်ပါက ၉ဝ ရာခိုင်နှုန်း မြင့်တက်လာသည်။

အလားတူ ဆေးရုံတက်ရသူ အရေအတွက်မှာလည်း ၁၈၁ ဦးမှ ၂၅ဝ အထိ မြင့်တက် လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၈ ရက်တွင်ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဆေးရုံများတွင်ခုတင်နေရာအလွတ်များ ရှိစေရေးအတွက် အရေးပေါ်မဟုတ်သောလူနာများကို ဆေးရုံတက်ခြင်း လက်မခံရန်နှင့် တချိုသူများကို သင့်လျော်သောနေရာများသို့ ရွှေ့ပြောင်းထားရန် ဝန်ကြီးဌာနက ညွှန်ကြားထားသည်။

ထို့ပြင် ရောဂါပြင်းထန်မှုမရှိသော ကိုဗစ်- ၁၉ လူနာများအနေဖြင့်လည်း ဆေးရုံ၏ အရေးပေါ်ဌာနတွင် ကုသခြင်းမပြုရန် ဝန်ကြီးဌာနကတိုက်တွန်းထားသည်။

လက်ရှိတွင် စင်ကာပူနိုင်ငံ၌ အများဆုံးကူးစက်ပျံ့နှံနေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးကွဲများမှာ KP.1 နှင့် KP.2 တို့ဖြစ် ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews/22761

PAN

SZ