အမရပူရမြို့နယ်၊ ယမ်းပျံကျေးရွာတွင် အကြမ်းဖက် PDF သင်တန်းဆင်းအား ဖမ်းဆီးရမိ


(ပြည်တွင်း) မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ယမ်းပျံကျေးရွာ လမ်းမပေါ်တွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDF သင်တန်းဆင်း ၁ ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် PDF သင်တန်းဆင်းလာသူ ရဲထက်အောင်(ခ)လလ၊ အသက် ၂၃ နှစ်၊(ဘ)ဦးအောင်မြ၊ စာကလေး လှောင်အိမ်ရောင်း၊ ၁၄လမ်း၊ရွှေမင်းဝန်ရပ်ကွက်၊ စစ်ကိုင်းမြို့နေသူအား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၂၁ ခုနှစ်တွင် စစ်ကိုင်းမြို့နယ်၊ (၇)ရွာတန်းကျေးရွာ ၌ အကြမ်းဖက် PDF သင်တန်းတက်ရောက်ခဲ့ကြောင်းနှင့် ၃၁-၉-၂၀၂၃ ရက်နေ့တွင် နေအိမ်သို့ပြန်လာခဲ့​ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22739

PAN

ZA #SZ