မြောင်းမြ-ပြင်ရွာသွား ကားလမ်းတွင် ဆိုင်ကယ်ယာဉ်တမ်းမှောက်မှုဖြစ်ပွား


(ပြည်တွင်း) မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာအနီး မြောင်းမြ-ပြင်ရွာသွား ကားလမ်းတွင် ယနေ့နေ့လည် ၁ နာဲရီအချိန်ခန့်တွင် ယာဉ်တမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများမှ အခင်းဖြစ်ရပ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မြောင်းမြဘက်မှ ပြင်ရွာဘက်သို့ ယာဉ်မောင်း ဦးအေးဝင်း၊ အသက် ၄၂ နှစ်သည် ဝဲဒေါင့်ဒေါင့်ကြီးကျေးရွာ၊ သုံးခွ ကွမ်းခြံကျေးရွာအုပ်စု၊ မြောင်းမြမြို့နယ်နေသူ တစ်ဦးတည်မောင်းနှင်လာသော ယာဉ်အမှတ်(မရှိ)၊ ZONGSHEM-110 အမျိုးအစား အနက်/ပြာရောင်ဆိုင်ကယ်ယာဉ်မှာ ငှက်ပျောတောကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာအနီး ကွေ့ကြောတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်သို့ ထိုးကျ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိမ်းမှောက်မှုကြောင့် ဦးအေးဝင်း၊ အသက် ၄၂ နှစ်တွင် နှာခေါင်း အလယ်ဖုယောင် ပေါက်ပြဲဒဏ်ရာ၊ ဝဲနားထင်ဖု ယောင်ဒဏ်ရာ၊ ရင်ဘက်အောင့် ဒဏ်ရာရရှိခဲ့သဖြင့် မြောင်းမြပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ လမ်းခရီးတွင် ရရှိသေဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးသူ မောင်းနှင်ခဲ့သည့် ဆိုင်ကယ်ယာဉ်မှာလည်း ဝဲ/ယာ ဒူးကာကွဲ၊ ယာဘက် နောက်ကြည့်မှန်ကွဲ၊ မန်တိုင်ကွေးကောက်၊ နောက် မီးသီးကွဲ၊ စုစုပေါင်းတန်ဖိုးငွေ(၁)သိန်းကျပ်ခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း၊ ဆိုင်ကယ်ယာဉ်အား အရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာ မိမိအား ဒဏ်ရာရရှိသေဆုံးစေခဲ့သူ သေဆုံးသူ ဦးအေးဝင်း၊ အသက် ၄၂ နှစ် အား ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

Website>>…

VK Link>>…

Telegram>>…
https://t.me/positiveanglenews/22748?single

PAN

SZ