မန္တ​​လေးကွန်ပျူတာတက္ကသိုလ်မှ အဲယားကွန်း ၅ လုံး ဖြုတ်ခိုးခဲ့သည့် တရားခံများအား ဖမ်းမိ


(ပြည်တွင်း) မေ ၁၉

ယမန်နေ့ ညပိုင်းတွင် ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၊ မန္တလေးမှ အဲယားကွန်း ၅ လုံး အခိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရ ​သည်။

အခင်းဖြစ်ပွားသည့် နေရာအား နယ်​မြေခံရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ မသင်္ကါတရားခံ ရဲမင်းဦး၊ အသက် ၃၄ နှစ်၊ ကျဘမ်းလုပ်သား၊ဒဟတ္တောကျေးရွာနေသူအား ခေါ်ယူစစ်ဆေးခဲ့ရာ ကွန်ပျူတာတက္ကသိုလ်မှ ခိုးယူခဲ့သည့် အဲယားကွန်းများအား မဝင်းနိူင်၊ အသက် ၄၁ နှစ်၊ ပစ္စည်းအဟောင်း ရောင်း/ဝယ်သူ၊ ကံပြင်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူထံ ရောင်းချထားကြောင်း ဖော်ထုတ်နိူင်ခဲ့ပြီး မဝင်းနိူင်ထံမှ ခိုးရာပါ အဲယားကွန်းနှင့် ဆက်စပ်ပစ္စည်း များအားလည်းကောင်း၊ ထပ်ဆင့်ဖော်ထုတ်ချက်အရ အဲယားကွန်းများအတွင်းမှ ကြေးကြိုးများ ဝယ်ယူခဲ့သည့် ကျော်ဝင်းထွန်း၊ အသက် ၄၇ နှစ်၊ မဖြူပြာ ပစ္စည်းအဟောင်း ရောင်းဝယ်ရေး၊ အကွက်(၁၁၅)၊ တောင်ပုလင်းဝင်းရပ်၊ အောင်မြေသာစံရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူအား သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား တရားဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22743?single

PAN

ZA #SZ