ဘီးလင်းမြို့နယ်၊ ကျုံအိတ်တံတားအနီး KNLA/PDF အကြမ်းဖက်အဖွဲ့မှ Drop Bomb ချ၍ တိုက်ခိုက်


(ပြည်တွင်း) မေ ၁၉

ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျုံအိတ်တံတားအနီး KNLA/PDF အကြမ်းဖက်အဖွဲ့မှ Drop Bomb ၂ လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်းသိရသလို ညနေ ၆ နာရီ ၂၈ မိနစ်အချိန်တွင်လည်း Drop bomb ၅ လုံးထပ်မံချ၍ တိုက်ခိုက်ကြောင်း သိရှိရသည်။

အဆိုပါ Drop bomb များသည် ကျုံအိတ်တံတား၏ မြောက်ဘက် ကိုက် ၁၀၀ ခန့်အကွာ ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ/အဆောက်အဦးများ ထိခိုက်မှုမရှိကြောင်းသိရသလို အကြမ်းဖက်သမားများက ခလောက်အင်းကျေးရွာဘက်မှ လွတ်တင်သည့် Drone များဖြစ်ကြောင်း သိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22738

PAN

GE #SZ