ဆွဲမှန်ကျေးရွာရှိ “ဖူးပြည့်စုံ” ကော်ခုတ်စက်ရုံ၌ ပစ္စည်းအဟောင်းများ စုပုံထားသည့်နေရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွား


(ပြည်တွင်း) မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာရှိ “ဖူးပြည့်စုံ” ကော်ခုတ်စက်ရုံ၌ ယနေ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၄၄ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာ၊ ကုလားမကွင်း အမှတ် (၁၉၀) ရှိ ဦးဆန်းမင်းဦး၊ ၄၅ နှစ်၊ “ဖူးပြည့်စုံ” ကော်ခုတ်စက်ရုံ ပိုင်ရှင်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာနေသူ ပိုင်ဆိုင်သည့် “ဖူးပြည့်စုံ” ကော်ခုတ် စက်ရုံအတွင်း ပလပ်စတစ်ဗူးခွံနှင့် ဆိုင်ကယ် ကာဗာများ ပုံထားသည့် ပစ္စည်းအဟောင်းပုံတွင် အပူရှိန်လွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် အဆောက်အဦးတို့အား မီးလောင်ကျွမ်းခြင်းမရှိဘဲ ပလတ်စတစ် ဗူးခွံ၊ ဆိုင်ကယ် ကာဗာစသည့် ပစ္စည်း အဟောင်းများပုံထားသည့် ပစ္စည်းအဟောင်းပုံသာ မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၂၀၀၀၀ဝိ/-(နှစ်သိန်းကျပ်ခန့်) ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ပလတ်စတစ်ဗူးခွံ ၊ ဆိုင်ကယ်ကာဗာ စသည့် ပစ္စည်း အဟောင်းများအား စည်းကမ်းမဲ့ထားရှိရာမှ မီးလောင်ကျွမ်းမှု ဖြစ်စေသူ စက်ရုံပိုင်ရှင် ဦးဆန်းမင်းဦး အား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews/22740?single

PAN

ZA #SZ