ဧပြီလ ၁ ရက်မှ မေလ ၃ ရက်အထိ ကာလအတွင်း ပြည်ပသို ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၅၂၆ သန်းရရှိ


(ပြည်တွင်း)မေ ၁၈

လက်ရှိဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃ ရက်အထိ တစ်လတာကာလအတွင်း ပြည်ပသို ပဲမျိုးစုံတင်ပိုမှုမှ အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၅၂၆ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပါတယ်။

မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာ ၂၀ ရာခိုင်နှုန်းတွင် ပဲမျိုးစုံကို စိုက်ပျိုးနေပြီး ပဲမျိုးစုံစိုက်ဧက၏ ၇၂ ရာခိုင်နှုန်းတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများကို စိုက်ပျိုးပြီး ပဲလွမ်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် တခြားပဲများကိုပါ စိုက်ပျိုးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှတင်ပိုတဲ့ ပိုကုန်အများစုမှာ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံတင်ပိုမှုက အဓိကပို့ကုန်တစ်မျိုးလည်း ဖြစ်ပါတယ်။

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃ ရက်အထိ တစ်လတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ၂၄၇,၇၀၆ ဒသမ ၇၀၅ တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ၆,၃၄၁ ဒသမ ၁၇ တန် တင်ပိုနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၅၂၆ သန်း ရရှိခဲ့တာဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews/22710

PAN

SZ