အမေရိကန်ထောက်လှမ်းရေးဒရုန်းတစ်စင်းကို ဟူသီသူပုန်အဖွဲပစ်ချ


(နိုင်ငံတကာ) မေ ၁၈

အမေရိကန်စစ်ဘက်၏ MQ-9 ထောက်လှမ်းရေး ဒရုန်းတစ်စင်းကို ယီမင်နိုင်ငံအလယ်ပိုင်း မာရစ် ပြည်နယ်တွင် ပစ်ချနိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲက မေလ ၁၇ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ထောက်လှမ်းရေးဒရုန်းအား ဟူသီသူပုန်အဖွဲက ပြည်တွင်းဖြစ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ပြီး ဒရုန်းပစ်ချခံရသည့် ဗီဒီယိုပြကွက်အား မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း သူပုန်အဖွဲမှ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီယာ က ပြောသည်။ သိုသော် အမေရိကန်ဒရုန်းကို မည်သည့်အချိန်တွင် ပစ်ချ ခဲ့ကြောင်းကို အတိအကျပြောကြားခဲ့ခြင်းမရှိပေ။

ယခုပစ်ချခံလိုက်ရသည့် ဒရုန်းသည် ပင်လယ်နီအတွင်း စစ်ဆင်ရေးစတင်ချိန်မှစ၍ သူပုန်တပ်ဖွဲက ပစ်ချခဲ့သည့် စတုတ္ထမြောက် ဒရုန်းဖြစ်သည်။

ဟူသီသူပုန်အဖွဲသည် အဆိုပါစစ်ဆင်ရေးကို ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူများအား ထောက်ခံသည့်အနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆာရီယာ က ဆက်ပြောသည်။

ဒရုန်းပစ်ချခံရမှုနှင့်စပ်လျဉ်း၍ အမေရိကန်စစ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။ အမေရိကန်နှင့် ဗြိတိန်ရေတပ်ညွန့်ပေါင်းအဖွဲသည် ယခုနှစ်ဇန်နဝါရီလမှစ၍ ယီမင်နိုင်ငံအတွင်းရှိ သူပုန်တပ်ဖွဲ၏ ပစ်မှတ်များအပေါ် လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြသည်။

သို့သော် ဟူသီသူပုန်အဖွဲက အမေရိကန်နှင့်ဗြိတိန်တို၏ တိုက်ခိုက်မှုများကို တုံပြန်သည့်အနေဖြင့် ၎င်းနိုင်ငံများမှ ပိုင်ဆိုင်သည့် သင်္ဘော များအား တိုးမြှင့်တိုက်ခိုက်လာခဲ့ကြောင်း သိရသည်။

Website>>…

VK Link>>…

Telegram>>…
https://t.me/positiveanglenews/22714

PAN

SZ