(နိုင်ငံတကာ) မေ ၁၈
ဗြိတိန်နိုင်ငံ၏ မိတ်ဆွေကောင်းမပီသသော လုပ်ဆောင်မှုကို တုံပြန်သည့်အနေဖြင့် ရုရှားအစိုးရက မော်စကိုမြိုရှိ ဗြိတိန်စစ်သံမှူးအား နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြသည်။
ဗြိတိန်အစိုးရက မေလ ၈ ရက်တွင် ရုရှားစစ်သံမှူးအား ၎င်းတိုနိုင်ငံအတွင်းမှထွက်ခွာရန် ညွှန်ကြားခဲ့ပြီး နောက် ရုရှားအစိုးရက တုံပြန်သည့်အနေဖြင့် နိုင်ငံအတွင်းရှိ ဗြိတိန်စစ်သံမှူး အန်ဒရေကော့ဟေး အား နိုင်ငံ အတွင်းမှထွက်ခွာသွားရန် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
ထိုပြင် ဗြိတိန်အစိုးရသည် ၎င်းတိုနိုင်ငံအတွင်း၌ ရုရှားသံအမှုထမ်းများ နေထိုင်နိုင်သည့် အချိန်ကာလအပါအဝင် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်းကိုပါ ကန့်သတ် ခဲ့ကြောင်း သိရသည်။
ဗြိတိန်၏ အဆိုပါလုပ်ဆောင်ချက်ကို ကန့်ကွက်ရန်အတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန် သံရုံးမှသံအမတ်ကို မေလ ၁၆ ရက်တွင်ဆင့်ခေါ်၍ ကန့်ကွက်ခဲ့သည်။
ဗြိတိန်စစ်သံမှူး အန်ဒရေကော့ဟေး အနေဖြင့် တစ်ပတ်အတွင်း ရုရှားနိုင်ငံအတွင်းမှ ထွက်ခွာရမည်ဖြစ်ကြောင်းသိရသည်။
ဗြိတိန်နိုင်ငံက ရုရှားစစ်သံမှူးအား နိုင်ငံအတွင်းမှနှင်ထုတ်ခဲ့ခြင်းသည် နိုင်ငံရေးအရအရင်းခံသော ဆောင်ရွက်မှုဖြစ်ကြောင်း ရုရှားက တုံပြန်ပြောကြားထားသည်။
သို့ရာတွင် ဗြိတိန်စစ်သံမှူး အန်ဒရေကော့ဟေး အား ရုရှားအစိုးရက နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့ခြင်းသည် ထင်ရာစိုင်းသည့် လုပ်ဆောင်ချက် ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံအတွင်းရှိ ရုရှားစစ်သံမှူးသည် သူလျှိတစ်ဦးကဲ့သို လုပ်ဆောင်နေခဲ့ခြင်းကြောင့် နိုင်ငံ အတွင်းမှ ထွက်ခွာသွားရန် ညွှန်ကြားရခြင်းဖြစ် ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှက်ပ် က ပြောကြား ခဲ့ကြောင်း သိရသည်။
Telegram>>…
https://t.me/positiveanglenews/22715