ပိုကာဖဲလောင်းကစားနေသည့် နေအိမ်သို့ အမည်မသိ အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦးရောက်ရှိလာပြီး ဖုန်း ၊ငွေများ ခြိမ်းခြောက်လုယူ


(ပြည်တွင်း)မေ ၁၈

ချမ်းမြသာစည်မြို့နယ်၊ တမ္ပ၀တီရပ်ကွက်၊ အကွက်(၄၈၆)၊ ၈၄+၈၅ လမ်းကြား၊ သံသေတ္တာလမ်းကြားရှိ ဒေါ်၀င်းမင်း၀င်း(ယခင် တမ္ပ၀တီ အုပ်ချုပ်ရေးမှူးဟောင်း(ကွယ်)နေအိမ်သို့ နံပါတ်မမှတ်မိ Mark II အဖြူရောင်ယာဉ်ဖြင့် အမည်မသိလူ ၃ ဦးနှင့် အမျိုးသမီး ၁ ဦးရောက်ရှိလာပြီး ဖုန်းနှင့်ငွေများ ခြိမ်းခြောက်ယူဆောင်သွားကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ယခင် တမ္ပ၀တီ အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်၀င်းမင်း၀င်း (ကွယ်) နေအိမ်အတွင်း အပျော်ပိုကာဖဲလောင်းကစားနေသည့် မနီလာ၀င်းပါ ၄ ဦးအား အမည်မသိအမျိုးသား ၃ ဦးမှ ခြိမ်းခြောက်၍ ဖုန်း ၂ လုံးနှင့် ငွေ ၅ သောင်းခန့်အား ယူဆောင်သွားကြောင်း သိရှိရသည်။

ဒေါ်၀င်းမင်း၀င်း သည် ယခင်က ပုံဝိုင်းလောင်းကစားပြုလုပ်သဖြင့် လာရောက် ငွေတောင်းခံ‌လေ့ရှိကြောင်း၊ လာရောက်‌ ငွေတောင်းခံသူများမှာ ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင်ရပ်ကွက်နေ လူမိုက် မျိုးကြီး နှင့် အဖွဲ့ ဖြစ်ကြောင်း၊ တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews/22716?single

PAN

ZA #SZ