ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်နှင့် အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်ကို ဂိုးသမား အီဒါဆင် လွဲချော်မည်


(အားကစား) မေ ၁၈

ပရီးမီးယားလိဂ်ပွဲကျန်အဖြစ် ကစားခဲ့တဲ့ စပါးအသင်းနဲ့ မန်စီးတီးအသင်းတိုပွဲစဉ်မှာ မန်စီးတီးအသင်း ဂိုးသမား အီဒါဆင် မျက်ခုံးဒဏ်ရာရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းပွဲစဉ်နဲ့ မန်ယူအသင်းနှင့် ပွဲစဉ်ဖြစ်တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို လွဲချော်မှာဖြစ်တယ်လို့ မန်စီးတီးအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၁၅ ရက်က ကစားခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ် မိနစ် ၆၀ ကျော်မှာ စပါးအသင်းခံစစ်ကစားသမား ရိုမီယို နဲ့ ထိခိုက်ခဲ့မှုကြောင့် မျက်ခုံးဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၆၉ မိနစ်မှာ အသင်းဖော်ဂိုးသမား အော်တီဂါ နဲ့ လူစားလဲခဲ့ရပါတယ်။

အီဒါဆင် အနေနဲ့ ဒဏ်ရာကြောင့် မန်စီးတီးအသင်းရဲ့ ပွဲစဉ်များကို လွဲချော်ရပေမယ့် ဘရာဇီးအသင်းက ကိုပါအမေရိကဖလားယှဉ်ပြိုင်မည့် အသင်းလူစာရင်းတွင် ရွေးချယ်ခံထားရပါတယ်။

Telegram>>…
https://t.me/positiveanglenews/22713

PAN

SZ