ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာတွင် အကြမ်းဖက်PDFများ၏ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း)မေ ၁၈

ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုကျေးရွာအနီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ ဝင်များမှ အကြမ်းဖက် PDF များ၏ လက်နက်နှင့် ဆက်စပ်ခဲယမ်းပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသော လက်နက်နှင့် ဆက်စပ်ခဲယမ်းများမှာ လက်လုပ်ရှော့တိုက်ပြောင်း ၆ ခု၊ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၁ လုံး၊ AK ကျည်အိမ် ၁ ခု၊ AK ကျည် ၂၀ တောင့်၊ လက်လုပ်မိုင်း ၄ လုံး၊ အမ်-၁၄ နင်းမိုင်း(အသေး) ၁၂ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု၊ မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကို လည်း Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22709

PAN

GE #SZ