အာရှ-ပစိဖိတ်ဒေသတွင် စစ်ရေးမဟာမိတ်အဖွဲ ဖွဲစည်းခြင်းမပြုသင့်ဟု ဗလာဒီမာပူတင်ပြော


(နိုင်ငံတကာ) မေ ၁၇

အာရှ-ပစိဖိတ်ဒေသတွင် စစ်ရေးမဟာမိတ်အဖွဲတည်ရှိနေခြင်းသည် ဒေသတွင်းလုံခြုံရေး ဟန်ချက်ညီမှု ကို လျော့ပါးစေသော အလားအလာရှိခြင်းကြောင့် ဒေသတွင်း၌ ထိုသို့သော စစ်ရေးမဟာမိတ်အဖွဲမျိုး ဖွဲစည်းခြင်း မပြုသင့်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် က မေလ ၁၆ ရက်တွင် ပြောသည်။

အာရှ-ပစိဖိတ်ဒေသ၌ စစ်ရေး မဟာမိတ်အဖွဲများ ဖွဲစည်းရန်ကြိုးပမ်းခြင်းသည် ဒေသတွင်းလုံခြုံရေးအတွက် ဆုံးရှုးနစ်နာမှုကိုသာ ဖြစ်ပေါ်စေနိုင်ကြောင်း သမ္မတ ပူတင် က မြို့တော်ပေကျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်အတူ ပူးတွဲကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနှင့် တရုတ်နိုင်ငံတို့အနေဖြင့် ပိုမိုတရားမျှတပြီး ဒီမိုကရေစီ စံနှုန်းနှင့်ကိုက်ညီသော ကမ္ဘာ့ အစီအစဉ်တစ်ရပ်ကို ချမှတ်နိုင်ရေးအတွက် ကြိုးပမ်းနေခြင်းကြောင့် လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒကို နှစ်နိုင်ငံ စလုံး က ချမှတ်ဖော်ဆောင်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အာရှ-ပစိဖိတ်ဒေသအတွင်း၌ အဓွန့်ရှည်တည်တံ့ပြီး ပြည့်စုံလုံလောက်သော လုံခြုံရေးဆိုင်ရာပုံစံကို ထောက်ခံလျက်ရှိရာ ဒေသတွင်း၌ စစ်ရေးနှင့်နိုင်ငံရေး မဟာမိတ်အဖွဲများအတွက် နေရာမရှိကြောင်း နေတိုးတပ်ဖွဲနှင့် အနောက် နိုင်ငံများက လွှမ်းမိုးထားသော အဖွဲအစည်းများအား ရည်ညွှန်း ပြောကြားသည်။

အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျနိုင်ငံတိုသည် ၂၀၂၁ ခုနှစ်တွင် AUKUS ဟုအမည်ပေးထားသည့် သုံးနိုင်ငံလုံခြုံရေးအဖွဲကို ဖွဲစည်း ခဲ့ပြီး ယင်းအဖွဲ၏သဘောတူညီချက်အရ အမေရိကန်နှင့်ဗြိတိန်တိုက ဩစတြေးလျနိုင်ငံသို နျူကလီးယား စွမ်းအင် သုံး ရေငုပ်သင်္ဘောနည်းပညာများကို ဝေမျှသွားမည်ဖြစ်သည်။

ထို့ပြင် အမေရိကန်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ အတွင်းရှိ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဩစတြေးလျ၊ ထိုင်းနိုင်ငံတို့နှင့်လည်း မဟာမိတ်ဖွဲစည်းရေး သဘော တူညီချက်များကို သီးခြားဖွဲစည်းထားကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews/22693

PAN

SZ