အလှကုန်ပစ္စည်း အမျိုး ၄၀ ကျော် သုံးစွဲရန်မသင့်ကြောင်း FDA မှထုတ်ပြန်


(ကျန်းမာရေး) မေ ၁၆

အလှကုန်ပစ္စည်း အမျိုး ၄၀ ကျော်ကို သုံးစွဲရန်မသင့်ကြောင်း FDA က သတိပေးချက်ထုတ်ပြန်လိုက်တယ်လို သိရပါတယ်။

အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတိုက ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်း ၄၂ မျိုးမှာ တားမြစ်ဓာတုပစ္စည်းများ ပါဝင်‌နေ ခြင်းကြောင့် အများပြည်သူသုံးစွဲရန်မသင့်ကြောင်း FDAက အသိပေးထားပါတယ်။

အဆိုပါ အလှကုန်ပစ္စည်း ၄၂ မျိုးက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှာ မှတ်တမ်းတင်ထားခြင်းမရှိတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေပါတယ်။ ဒါ့ကြောင့် အဆိုပါ အလှကုန်ပစ္စည်းများကို သုံးစွဲလျှင် ၎င်းတိုမှာပါဝင်တဲ့ တားမြစ်ဓာတုပစ္စည်းတွေကြောင့် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက် များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူကာ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများလည်း ဖြစ်ပွားနိုင်တယ်လို ဆိုပါတယ်။

ဒါ့အပြင် အလှကုန်ပစ္စည်းများတင်သွင်းလျက်ရှိသော ကုမ္ပဏီများအနေဖြင့်လည်း သုံးစွဲရန်မသင့်ကြောင်းနှင့် ကြေငြာထားတဲ့ အလှကုန်တွေကို ရောင်းချခြင်းမပြုရန် FDA က တိုက်တွန်းထားပါတယ်။

လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူသွားမယ်လိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22691

PAN

AMT #SZ