အပစ်အခတ် ရပ်စဲရေးကြိုးပမ်းမှုများကို အစ္စရေးရှောင်လွှခဲ့ဟု အီဂျစ်ပြော


(နိုင်ငံတကာ) မေ ၁၇

အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ် စစ်သွေးကြွအဖွဲနှင့် စစ်မက်ဖြစ်ပွားနေစဉ် အပစ် အခတ် ရပ်စဲရေးကြိုးပမ်းမှုများကို ရှောင်လွှခဲ့ကြောင်း အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်ဆီဆီ က မေလ ၁၆ ရက်တွင် ပြောသည်။

အစ္စရေးစစ်ဘက်သည် အီဂျစ်နှင့် ဂါဇာကမ်းမြောင်ဒေသကြားရှိ ရာဖာမြိုတွင် စစ်ဆင်ရေး ဆင်နွှရေးအတွက်သာကြိုးပမ်းလျက်ရှိပြီးယင်းမြိုအား ပိတ်ဆိုနိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်ရေး လမ်းကြောင်း ကို အသုံးချလျက်ရှိကြောင်း ဆီဆီက ဆက်လက်ပြောကြားသည်။

ရာဖာမြို့ရှိ နယ်စပ်ဖြတ်ကျော်ရေး လမ်းကြောင်း ပိတ်ဆိုခဲ့ရခြင်းနှင့်စပ်လျဉ်း၍ အစ္စရေးနှင့်အီဂျစ်တိုကြား အပြန်အလှန် ပြစ်တင်စွပ်စွဲလျက်ရှိသည်။

ရာဖာမြို့ရှိ နယ်စပ်ဖြတ်ကျော်ရေးလမ်းကြောင်းသည် ဂါဇာဒေသအတွင်းသို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ စီးဆင်းရာ အဓိကလမ်းကြောင်းတစ်ခုဖြစ်ရာ ယင်းလမ်းကြောင်းအား ပိတ်ပစ်ခဲ့ရခြင်းသည် ဂါဇာ ကမ်းမြောင်ဒေသ၌ အစားအစာရှားပါးမှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရသည်။

ထိုကြောင့် အစ္စရေးနိုင်ငံသည် ၎င်း တို၏ တာဝန်ဝတ္တရားများ ဖြည့်ဆည်းပေးရန် ရှောင်ရှားလျက်ရှိသည့်အပြင် ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်ကိုလည်း ရှောင်လွှခဲ့သည်ဟု အီဂျစ်အစိုးရက တွေ့ရှိခဲ့ကြောင်း ဆီဆီ က ဆက်လက် ပြော ကြားသည်ဟု ST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews/22692

PAN

SZ