အဆင်မပြေ ဒုက္ခရောက်နေကြသော သက်ကြီးလူရွှင်တော်ကြီးများအားကန်တော့ရန် ကိုယ်ပိုင်ရုပ်ရှင်ဇာတ်ကားကြီးကို ရတဲ့စျေးဖြင့် ရောင်းချနေသည့် လူရွှင်တော်ဥက္ကဋ္ဌ ဒိန်းဒေါင်


(အနုပညာ) မေ ၁၇

အဆင်မပြေ ဒုက္ခရောက်နေကြသည့် သက်ကြီးလူရွှင်တော်ကြီးများအား ၁၄ ကြိမ်မြောက် ကန်တော့ရန်အတွက် လူရွှင်တော်ဥက္ကဋ္ဌ ဒိန်းဒေါင်က သူပိုင်ဆိုင်သည့် ရုပ်ရှင်ဇာတ်ကားကြီးကို ရောင်းချနေကြောင်းသိရသည်။

“တက်နိုင်ရင်ကူညီပေးကြပါလားခင်ဗျာ ဒါရိုက်တာကိုဇော်(အာရုံဦး)၊ မင်းသား ကျော်ရဲအောင်၊ အောင်ရဲလင်း၊ ကောင်းပြည့်၊ စိုင်းလွှမ်း၊ ဒိန်းဒေါင်၊ မင်းသမီးစိုးမြတ်သူဇာ၊ မြတ်ကေသီအောင်၊ အေးမြတ်သူ၊ နန်းဆုရတီစိုး၊ ရွှေပိုးအိမ်၊ မေပန်းချီ၊ ဝါဝါအောင်၊ သန်းသန်းစိုးနှင့် သရုပ်ဆောင်များစွာ ပါဝင်ထားသော တာဝန်ယူချင်လွန်းလို့ပါ ရုပ်ရုင်ဇာတ်ကားကြီးသည် ဆင်ဆာကြပြီးတာ​ဖြစ်ပါ၍ ကျနော့်ကိုယ်ပိုင်ရုပ်ရှင်ကားကြီးဖြစ်သည့်အတွက် မှတ်ချက် ပေးချင်သလောက်သာပေးပါခင်ဗျာ” လို့ သူရဲ့လူမှုကွန်ယက်ကနေ ပြောဆိုထားသည်။

မြန်မာနိုင်ငံဟာသလူရွှင်တော်များအစည်းအရုံး(ဗဟို) မှပြုလုပ်သည့် ၁၃ ကြိမ်မြောက် သက်ကြီးလူရွှင်တော်ကန်တော့ပွဲအခမ်းအနားကို နေပြည်တော်က MICC 2 မှာ ၂၀၂၃ ခုနှစ် ဇူလိုင်လက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

Telegram»…
https://t.me/positiveanglenews/22660

PAN

AMT #SZ