လက်ပံကျင်း(တောင်)ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၄ ဦးအား အကြမ်းဖက် PDF များက ရက်ရက်စက်စက်သတ်ဖြတ်


(ပြည်တွင်း)မေ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်းကျေးရွာအုပ်စု၊ လက်ပံကျင်း(တောင်)ကျေးရွာတွင်ယမန်နေ့ ညနေ၆နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDFအဖွဲ့မှ အပြစ်မဲ့ ပြည်သူ ၄ ဦးအား ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ လက်ပံကျင်း(တောင်)ကျေးရွာနေ ဦးတင်ဝင်း၊၈၀နှစ်၊(ဘ)ဦးကံရီ (ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ)သည် နေအိမ်၌ရှိနေစဉ် ဆိုင်ကယ်များဖြင့် အကြမ်းဖက် PDF များ ရောက်ရှိလာပြီး ဦးတင်ဝင်းအား အိမ်ဝိုင်းအပြင်ဘက် လမ်းပေါ်သို့ ခေါ်ဆောင်သွားကာ လည်ပင်းအား ဓါးဖြင့် ပိုင်းဖြတ်သတ်ခဲ့ရာ ဦးတင်ဝင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

၎င်းနောက် အကြမ်းဖက် PDF များသည် ရွာအနောက်ပိုင်းနေ ဦးသိန်းဝင်း၊ ၅၅ နှစ်၊(ဘ)ဦးတင်မောင်၊ဇနီးဖြစ်သူ ဒေါ်ဝင်းမေ၊ ၅၅ နှစ်၊(ဘ)ဦးညွန့်လှိုင်နှင့် သားဖြစ်သူ မောင်သူရိန်ထွန်း၊ ၂၈ နှစ်၊(ဘ)ဦးသိန်းဝင်းတို့၏ နေအိမ်သို့ရောက်ရှိပြီး ၎င်းတို့ သားအဖ ၃ ဦးအား လက်ပြန်ကြိုးတုပ်လျှက် အိမ်ဝိုင်းအပြင် ဘက်သို့ ခေါ်ထုတ်ပီး လမ်းမပေါ်အရောက်တွင် ဦးခေါင်းများအား တူနှင့်ထုရိုက်ကာဓါးဖြင့် လည်ပင်းထိုးသွင်းသတ်ဖြတ်ခဲ့ရာ သားအဖ ၃ ဦးလုံး အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပါသည်။

အကြမ်း ဖက် PDF များမှ သေဆုံးသူဦးသိန်းဝင်း၏ အိမ်တွင်းရှိ ပစ္စည်းများအား ရိုက်ခွဲဖျက်ဆီးကာ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံးနှင့် ရွှေငွေလက်ဝတ်ရတနာ ပစ္စည်းများ ယူဆောင်သွားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22700?single

PAN

ZN #SZ