ဘားအံစက်မှုဇုန်တွင် BAJA အမှတ်တံဆိပ် သုံးဘီးနှင့် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေ


(ပြည်တွင်း) မေ ၁၇

ကရင်ပြည်နယ် ​ဘားအံမြို့ရှိ ဘားအံစက်မှုဇုန်တွင် BAJA အမှတ်တံဆိပ် သုံးဘီးနှင့် မော်တော်ယာဉ်များကို Precision Auto Engineering Co.,Ltd၏ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံတွင် နေ့စဉ်အလုပ်သမား ၆၀ ခန့်ဖြင့် တစ်ရက်လျှင် BAJA RE နှင့် BAJA Maxima အမှတ်တံဆိပ်သုံးဘီးယာဉ် ၄၅ စီးခန့်ကို တပ်ဆင်ထုတ်လုပ်နေကြောင်း သိရသည်။

အဆိုပါစက်ရုံံမှ တပ်ဆင်ပြီးစီးသည့် BAJA RE နှင့် BAJA Maxima အမှတ်တံဆိပ်သုံးဘီးယာဉ်များကို နိုင်ငံတစ်ဝန်း ဖြန့်ဖြူးရောင်းချပေးနေကြောင်းလည်း သိရသည်။

ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးမြှင့်တင်နိုင်ရန်၊ နည်းပညာ၊ အရင်းအနှီးနှင့်ဈေးကွက်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် မေလ ၁၆ ရက်နေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသွားရောက်ကြည့်ရှု့ခဲ့ပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ဖို့ စက်ပစ္စည်းအစိတ်အပိုင်းတွေ ပြည်ပက မှာယူတင်သွင်းမှုတွေကို လျှော့ချပြီး ပြည်တွင်း၌သာ ထုတ်လုပ်တပ်ဆင်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22665?single

PAN

AMT #SZ