တမူးမြို့နယ်၊ ကျွန်းပင်သာကျေးရွာအနီး ထိတွေ့တိုက်ပွဲမှ အကြမ်းဖက်အလောင်းများနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


မေ ၁၇

ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကျွန်းပင်သာကျေးရွာအနီးတွင် နယ်မြေရှင်းလင်း‌ရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အလောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDF ၂ လောင်း၊ AK သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက် AK ကျည် ၉၃ တောင့်၊ AK ကျည်အိမ် ၄ ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22663

PAN

GE #SZ