မေ ၁၆
အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် ဟာ အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ကမ္ဘာ့အဆင့်-၁ ဆွီယာတက်ခ် နဲ့ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
မေလ ၁၄ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်မှာ ကိုကိုဂတ်ဖ်နဲ့ တရုတ်တင်းနစ်မယ် ကျန်ကွင်းဝမ်တို ဆုံတွေ့ခဲ့တာဖြစ်ပြီး အနိုင်ရဖိုအတွက် ကိုကိုဂတ်ဖ် တော်တော်လေး ကြိုးစားသွားခဲ့ရပါတယ်။
ပထမပွဲလတ်မှာ အပြန်အလှန်ရိုက်ချက်တွေနဲ့ အကြိတ်အနယ်ရှိပြီး ပွဲကစားချိန် ၁ နာရီနဲ့ ၁၀ မိနစ်ကျော်ကြာ မြင့်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယ ပွဲလတ်မှာတော့ ကိုကိုဂတ်ဖ်က ပြိုင်ဘက်ရဲ့အားနည်းချက်ကိုသိပြီး အသုံးချနိုင်ခဲ့လို ပွဲကစားချိန် ၁ နာရီနဲ့ မိနစ် ၄၀ အကြာမှာပဲ ကိုကိုဂတ်ဖ် က ၇း၆၊၆း၁ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကိုကိုဂတ်ဖ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ကမ္ဘာ့အဆင့်-၁ ဖြစ်သလို အီတလီအိုးပင်းချန်ပီယံဆုကို ၂ ကြိမ်ရရှိထားတဲ့ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews/22648