အမေရိကန်စစ်သင်္ဘောနှင့်ကုန်တင်ရေယာဉ်တစ်စင်းအား တိုက်ခိုက်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့ပြော

မေ ၁၆

     ပင်လယ်နီအတွင်းရှိ အမေရိကန်တို့၏ စစ်သင်္ဘောတစ်စင်းနှင့် ကုန်တင်ရေယာဉ်တစ်စင်းအား တိုက်ခိုက်ခဲ့ကြောင်း ယီမင်နိုင်ငံမှ ဟူသီသူပုန်အဖွဲ့က မေလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ ဟူသီသူပုန်အဖွဲ့သည် ပင်လယ်နီ အတွင်းရှိ USS Mason ဟု အမည်ပေးထားသော အမေရိကန်ဖျက်သင်္ဘောအား ရေတပ်သုံး ဒုံး ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်း တိုက်ခိုက်မှုအတွင်း ပစ်မှတ်ကို တိကျစွာထိမှန်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီယာ က ပြောသည်။

      ထို့ပြင် ဟူသီသူပုန်များသည် အဆိုပါ ပင်လယ်ရှိ DESTINY ဟု အမည်ပေးထားသည့် အမေရိကန်ကုန်တင်ရေယာဉ်ကိုလည်း တိကျစွာတိုက်ခိုက်ခဲ့နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

      USS Mason ဖျက်သင်္ဘောသည် Arleigh Burke အတန်းအစား ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတစ်စင်း ဖြစ်ပြီး အမေရိကန်အစိုးရက ဒေသအတွင်း၌ ဟူသီသူပုန်များကရေကြောင်းဆက်သွယ်ရေး လမ်း ကြောင်းများအား ပိတ်ဆို့တိုက်ခိုက်ခြင်းမှ ကာကွယ်ရန်အတွက် ပင်လယ်နီနှင့်အနီးတဝိုက်ဒေသ၌ ဖြန့် ကြက်ထားသည့် ရေယာဉ် တစ်စင်းလည်း ဖြစ်သည်။ ပင်လယ်နီနှင့်အေဒင်ပင်လယ်ကွေ့အတွင်းရှိ ရေကြောင်းဆက်သွယ်ရေး လမ်းကြောင်း များကို တိုက်ခိုက်ရခြင်းမှာ ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးက ပါလက် စတိုင်းများအပေါ် ပြုလုပ်နေသည့် တိုက် ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဟူသီသူပုန်အဖွဲ့က ပြောသည်။ ဂါဇာ ကမ်းမြောင်ဒေသတွင် အစ္စရေးက လုပ်ဆောင်နေသည့် တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ပြည်သူ ၃၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ် ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

#PAN