မြန်မာအမျိုးသားလေကြောင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

မြန်မာအမျိုးသားလေကြောင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ

( နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊၅၃  / ၂၀၂၄ )

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်းရက်

၂၀၂၄ခုနှစ်၊မေလ၁၆ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

၁။      ဤဥပဒေကို မြန်မာအမျိုးသားလေကြောင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟုခေါ်တွင်စေရမည်။

၂။       မြန်မာအမျိုးသားလေကြောင်းဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(က)တွင်ပါရှိသော “ပြည်ထောင်စုအစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာန” ဆိုသည့်စကားရပ်ကို “ပြည်ထောင်စုအစိုးရ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။      မြန်မာအမျိုးသားလေကြောင်းဥပဒေ အခန်း ၄ တွင် –

          (က)    ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုးရမည် –

                   မြန်မာအမျိုးသားလေကြောင်း၏လုပ်ငန်းအမျိုးအစားများနှင့်ဆောင်ရွက်နိုင်သည့်    နည်းလမ်းများ

( ခ )   ပုဒ်မ ၇ ပုဒ်မခွဲ (ဆ) ကို အောက်ပါအတိုင်းအစားထိုးရမည် –

“(ဆ)  ပြည်တွင်းပြည်ပမှ လေယာဉ်နှင့်လေယာဉ်၏ ဆက်စပ်ပစ္စည်းများဝယ်ယူခြင်း၊ အငှားဝယ်စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ ငှားရမ်းလုပ်ကိုင်ခြင်း၊ ရောင်းချခြင်း၊

 ( ဂ )  ပုဒ်မ ၇ ပုဒ်မခွဲ (ဎ) ကို ပယ်ဖျက်ရမည်။

 (ဃ)   မူလပုဒ်မခွဲ () နှင့် () တို့ကို ပုဒ်မခွဲ () နှင့် () အဖြစ် ပြန်လည်အမှတ်စဉ် ရမည်။

 ( င )  ပုဒ်မ ၇ ၏ နောက်တွင် ပုဒ်မ ၈ အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

၈။     မြန်မာအမျိုးသားလေကြောင်းသည် မြန်မာအမျိုးသားလေကြောင်း၏ မတည်ငွေများနှင့်အများပြည်သူတို့၏အစုရှယ်ယာများ ဖိတ်ခေါ်ထည့်ဝင်စေပြီး အများနှင့်သက်ဆိုင်သောကော်ပိုရေးရှင်းအဖြစ်လည်းကောင်း၊ကုမ္ပဏီအဖြစ်လည်းကောင်းဖွဲ့စည်းတည်ထောင်ပြီး မြန်မာအမျိုးသားလေကြောင်း၏ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ ကုမ္ပဏီ၏အများစု အစုရှယ်ယာသည် နိုင်ငံတော်ပိုင်အစုရှယ်ယာ ဖြစ်ရမည်။

၄။      မြန်မာအမျိုးသားလေကြောင်းဥပဒေ မူလပုဒ်မ ၈ ကို ပုဒ်မ ၉ အဖြစ် ပြန်လည် အမှတ်စဉ် ရမည်။

၅။      ပြန်လည်အမှတ်စဉ်ထားသော ပုဒ်မ ၉ ၏ နောက်တွင် ပုဒ်မ ၁၀  အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

၁၀။   စီမံခန့်ခွဲရေးအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်သည်ဟု မှတ်ယူရမည်။

၆။      မြန်မာအမျိုးသားလေကြောင်းဥပဒေပုဒ်မ ၁၄ ကို ပယ်ဖျက်ရမည်။

၇။      မြန်မာအမျိုးသားလေကြောင်းဥပဒေ ပုဒ်မ ၁၇ တွင်  –

(က)    ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်းအစားထိုးရမည် –

“(က)  မြန်မာအမျိုးသားလေကြောင်းသည် ဤဥပဒေအရ လုပ်ငန်းဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများကို ဝန်ကြီးဌာန၏ ကြိုတင်သဘောတူညီချက်ဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ ဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ဥပဒေနှင့်အညီ ငွေချေးယူခြင်း၊ ပြန်လည်ပေးဆပ်ခြင်း၊ ငွေထုတ်ချေးခြင်း၊ ပြန်လည်ရယူခြင်းနှင့် အထောက်အပံ့များရယူခြင်း၊”

(ခ)     ပုဒ်မခွဲ (ဍ) ၏နောက်တွင် ပုဒ်မခွဲ (ဎ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် –

“(ဎ)   ပြည်တွင်းပြည်ပမှ လေယာဉ်နှင့်လေယာဉ်၏ ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်း၊အငှားဝယ်စနစ်ဖြင့်ဆောင်ရွက်ခြင်း၊ ငှားရမ်းလုပ်ကိုင်ခြင်း၊ ရောင်းချခြင်း၊

၈။      မြန်မာအမျိုးသားလေကြောင်းဥပဒေ ပုဒ်မ ၁၉ ပုဒ်မခွဲ (ခ) ၏နောက်တွင် ပုဒ်မခွဲ (ဂ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် –

“(ဂ)  မြန်မာအမျိုးသားလေကြောင်း၏ အကျိုးစီးပွားကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နစ်နာစေပါက၊ ကျူးလွန်သည့် ဝန်ထမ်းအား မြန်မာအမျိုးသားလေကြောင်း၏ ဝန်ထမ်းလက်စွဲနှင့်အညီ အရေးယူအပြစ်ပေးနိုင်သည့်အပြင် ရာဇဝတ်ကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရားစွဲဆိုနိုင်သည်။”

၉။      မြန်မာအမျိုးသားလေကြောင်းဥပဒေပုဒ်မ ၂၃ ကို ပယ်ဖျက်ရမည်။

၁၀။    မြန်မာအမျိုးသားလေကြောင်းဥပဒေ မူလပုဒ်မ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁ နှင့် ၂၂ တို့ကို ပုဒ်မ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂ နှင့် ၂၃ တို့အဖြစ် ပြန်လည်အမှတ်စဉ်ရမည်။

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

( ပုံ )

                            မင်းအောင်လှိုင်

                             ဗိုလ်ချုပ်မှူးကြီး

                            ဥက္ကဋ္ဌ

                                       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ