မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် လုပ်ပွဲကစားလျှင် အရေးယူမည်”


မေ ၁၆

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေမှာ လုပ်ပွဲကစားတာတွေပြုလုပ်တာကိုတွေ့ရှိပါက ချက်ချင်းအရေးယူ ဆောင်ရွက်သွားရမယ်လို မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်ဥက္ကဌ ဦးဇော်ဇော်က မေလ ၁၄ ရက် မနက်ပိုင်းက ရန်ကုန်မြို၊ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်၊၊

လုပ်ပွဲကစားတာတွေဟာ ဘောလုံးလောကတစ်ခုလုံးကို ထိခိုက်ပျက်စီးသွားစေနိုင်တဲ့အတွက် လုပ်ပွဲ ကစားတာတွေ မဖြစ်ပွားအောင် ကြိုတင်အသိပေးကာကွယ်မှုတွေ ပြုလုပ်သွားဖို့နဲ့ ဖြစ်ပေါ်လာပါက ချက်ချင်း အရေးယူဆောင်ရွက်သွားဖို့ လိုအပ်တယ်လို ဆိုပါတယ်၊၊

ဘောလုံးလောက ပြန်လည်တိုးတက်လာဖိုအတွက် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်လိုမရဘဲ ကလပ် အသင်းတွေအားလုံးက Media နဲ့ Marketing အပိုင်းကို ပရော်ဖက်ရှင်နယ်ကျကျ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားဖို့လို တယ်လို ဦးဇော်ဇော်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခုနှစ် မြန်မာနေရှင်လိဂ်ပြိုင်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ဧရာဝတီ ဘဏ် ကနေ Main Partner အဖြစ် စပွန်ဆာ ငွေကျပ် သိန်း ၂ သောင်း ထပ်မံပံ့ပိုးကူညီ ပေးသွားမှာ ဖြစ်တယ်လို သိရပါတယ်၊၊

Telegram»…
https://t.me/positiveanglenews/22649

PAN

SZ