ပါရီအိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်မယ့် သက်ထားသူဇာ

(အားကစား) မေ ၁၆

လာမယ့် ဇူလိုင်လအတွင်း ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲကို မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တယ်လို့ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါဟာသူမအတွက် ဒုတိယအကြိမ်မြောက် အိုလံပစ်အားကစားပွဲတော်တွင် ပါဝင်ခွင့်ရခြင်းဖြစ်ပါတယ်။ သက်ထားသူဇာဟာ ပြီးခဲ့တဲ့ (၂၀၂၀) တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာကြောင့် နှစ်ကြိမ်ဆက် အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ မြန်မာ့ကြက်တောင်အားကစားမယ်တစ်ဦးဖြစ်လာခဲ့ပါတယ်။

မြန်မာကြက်တောင်အားကစားမယ်သက်ထားသူဇာဟာ လက်ရှိကမ္ဘာ့အဆင့်သတ်မှတ်ချက်ရဲ့ အမျိုး သမီးတစ်ဦးချင်းအဆင့်တွင် (၄၃) နဲ့ရပ်တည်နေတာဖြစ်ပါတယ်။

ပါရီအို လံပစ်ပြိုင်ပွဲမှာအတွက် ယှဉ်ပြိုင်ခွင့်ရသူတွေထဲမှာတော့ အာဆီယံနိုင်ငံတွေက ခုနစ်ယောက်သာပါဝင်ပြီး ထိုင်းက (၂)ယောက်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာ၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေက (၁)ယောက်စီပါဝင်တယ်လို့ သိရပါတယ်။