တရုတ်ယူ-၂၀နှင့် မြန်မာယူ-၂၀တို ခြေစမ်းပွဲ ၂ ပွဲ ယှဉ်ပြိုင်ကစားမည်


မေ ၁၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘောလုံးအဖွဲချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်တိုအကြား ကြိုတင်ညှိနှိင်း ဆွေးနွေးမှုအရ မြန်မာအမျိုးသား ယူ-၂၀ ဘောလုံးအသင်းက တရုတ်အမျိုးသား ယူ-၂၀ ဘောလုံးအသင်းနှင့် လာမယ့် မေလ ၃၀ ရက်နှင့် ဇွန်လ ၂ ရက်တိုမှာ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲ ၂ ပွဲ သွားရောက် ယှဉ်ပြိုင်ကစားရမယ်လို သိရပါတယ်။

မြန်မာယူ-၂၀ ဘောလုံးအသင်းက ၂၀၂၄ ဇူလိုင်လမှာ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အသက် ၁၉ နှစ်အောက် အာဆီယံအမျိုးသားဘောလုံးပြိုင်ပွဲနှင့် စက်တင်ဘာလမှာ ကျင်းပမယ့် အသက် ၂၀ နှစ် အောက် အာရှအမျိုးသားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်များသို ဝင်ရောက်ယှဉ်ပြိုင်ရန် ကာလရှည် စခန်းသွင်း လေ့ကျင့်လျက်ရှိသော အသင်းဖြစ်ပါတယ်။

အဆိုပါ လက်ရွေးစင်ဘောလုံးအသင်းကို MFF ဘောလုံးအကယ်ဒမီထွက် ကစားသမားများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် လက်ရွေးစင်ကစားသမားများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ ခြေစွမ်းထက် လူငယ်မျက်နှာသစ်ကစားသမားများဖြင့် စုဖွဲထားပြီး နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူ ကိုင်တွယ်လျက် ရှိပါတယ်။

စခန်းသွင်းလေ့ကျင့်စဉ်ကာလအတွင်း မြန်မာနေရှင်နယ်လိဂ် ထိပ်တန်းကလပ်အသင်းများဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်း၊ ဟံသာဝတီယူနိုက်တက်အသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းတိုနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ပွဲနိုင်၊ ၁ ပွဲရှုးရလဒ်ကို စွမ်းဆောင်ထားနိုင်ခဲ့တယ်လို သိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22647

PAN

SZ