ဇောတိကဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားယိုစိမ့်မှုကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေ၍ ရတနာသဘာဝ ဓာတ်‌ငွေ့မှဖြည့်ဆည်းနိုင်ရန်ဆောင်ရွက်လျက်ရှိ

မေ ၁၆

     ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်‌ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်လျက်ရှိသော ဇောတိက သဘာဝဓာတ်‌ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပေါ်နေပြီး အဆိုပါ ယိုစိမ့်မှုကိုပြုပြင်နေစဉ်အတွင်း ဓာတ် အားထုတ်လုပ် ပေးနိုင်မှု (55 MW) ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေး ထားပါသည်။

      အဆိုပါ သဘာဝဓာတ်‌ငွေ့ပိုက်လိုင်း ယိုစိမ့်မှုထိန်း သိမ်းပြုပြင်ခြင်းလုပ်ငန်းကို ဘီးလင်းမြို့အနီးတွင် မေလ ၁၅ ရက် မှ မေလ ၁၆ ရက်အထိ  ၂ ရက်ခန့် လုပ်ငန်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း YESC က အသိပေးထားပါသည်။

       သဘာဝဓာတ်‌‌ငွေ့ပိုက်လိုင်း အရေးပေါ်ထိန်းသိမ်းပြုပြင်နေစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဇောတိကသဘာဝဓာတ်ငွေ့ကို အသုံးပြုမောင်းနှင်လျက်ရှိသည့် ဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်အတွင်း (55 MW) ခန့် လျော့နည်းနေမည်ဖြစ်သည်ဟု သိရပါသည်။

      ယခုလိုလျော့နည်းသွားသည့် ဓာတ်အားထုတ် လုပ်ပို့လွှတ်မှုအစား နေ့ပိုင်းတွင် ရတနာသဘာဝဓာတ်‌ငွေ့ကို အသုံးပြုမောင်းနှင်ကာ အလုံဓာတ် အားပေးစက်ရုံမှ (22 MW) ခန့်ဖြင့် လည်း ကောင်း၊ ညပိုင်းတွင် ဒီဇယ်အားအသုံးပြု၍ သီလဝါဓာတ်အားပေးစက်နှင့် သာကေတဓာတ်အားပေးစက်များမှ (50 MW) ခန့်ဖြင့်လည်းကောင်း ထုတ်လုပ်မောင်းနှင်ပြီး ဓာတ်အားလိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထားပါသည်။

#PAN