ကျန်းမာရေးစနစ်သိရှိစေရန် QR Code အသုံးပြုနိုင်


မေ ၁၆

ပြည်သူတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံအတိုင်း နေထိုင်စားသောက်နိုင်ဖို့အတွက် ကျန်းမာရေးစနစ်ကို ပိုမိုသိရှိစေဖို့ QR Code စနစ်အသုံးပြုနိုင်ပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်တဲ့ ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲက ပြည်သူတွေ အနေနဲ့ မကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားစေတဲ့ အန္တရာယ်ရှိတဲ့အချက်တွေကို သိရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှု ပုံစံအတိုင်း နေထိုင်စားသောက်နိုင်ဖို့အတွက် အသိပညာပေးလက်ကမ်းစာစောင်တွေ၊ ပိုစတာတွေကို အသုံးပြုပြီး ကျန်းမာရေးအသိပညာ မြှင့်တင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို ဖြန့်ဝေထားတဲ့ လက်ကမ်းစာစောင် ၂၁ ခုနဲ့ ပိုစတာ ၃ ခုကို QR Code Generation ဆောင်ရွက်ပြီးဖြစ် တယ်လို့ ဆိုပါတယ်။ QR Code တွေကို မိမိတို့ရဲ့ Mobile လက်ကိုင်ဖုန်းတွေမှာ ပါရှိတဲ့ QR Scanner/ Camera တွေနဲ့ Scan ဖတ်လိုက်ရင် ကျန်းမာရေးဝန်ကြီးဌာရဲ့ Webpage မှာ တင်ထားပြီးဖြစ်တဲ့ လက်ကမ်းစာစောင်နဲ့ ပိုစတာတွေကို ဖတ်ရှုနိုင်မယ့် Link ကိုရရှိမှာဖြစ်ပြီး အဲဒီ Link ကနေ တစ်ဆင့် ဝင်ရောက် ဖတ်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22650

PAN

SZ