ဝိုင်းမော်မြို့၊ ရပ်ကွက် (၃)နှင့်ရပ်ကွက်(၄)ကြားရှိတံတားအနီး ပိုင်ရှင်မဲ့ ရုပ်အလောင်းတစ်လောင်းတွေ့ရှိ


မေ ၁၅

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက် (၃)နှင့် ရပ်ကွက်(၄)ကြားရှိ တံတားအနီးတွင် ၁၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်ချိန်တွင် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးနေသည့် အသက် ၃၅ နှစ်ခန့်ရှိအ မျိုးသားတစ်ဦး၏ သေဆုံးနေအလောင်းကို တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရှိရသည်။

သေဆုံးသူ၏ မိသားစု၀င်များနှင့် ဆက်သွယ်မရဘဲဖြစ်ရာ​ လက်ရှိတွင်သေဆုံးသူ၏ ရုပ်အလောင်းကို ဝိုင်းမော်မြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးထားပြီး ပိုင်ရှင်မဲ့အလောင်း ဖြစ်သည့်အတွက် မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းက ကူညီသဂြိုလ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22585

PAN

KWN #SZ