လက်ပန်လှကျေးရွာရှိ နယ်မြေရဲစခန်းအား အကြမ်းဖက် အဖွဲ့မှ Drone ဖြင့် Drop Bomb သုံးကြိမ်ချ တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦးနှင့် ရဲဝန်ထမ်းတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိ


(ပြည်တွင်း)မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာရှိ နယ်မြေရဲစခန်းအား အကြမ်းဖက် အဖွဲ့မှ Drone ဖြင့် Drop Bomb သုံးကြိမ်းချ၍ တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အမျိုးသမီးတစ်ဦးနှင့် ရဲဝန်ထမ်းတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ နံနက် ၁၁နာရီခွဲအချိန်ခန့်က လက်ပန်လှကျေးရွာရှိ နယ်မြေရဲစခန်းအားအကြမ်းဖက် အဖွဲ့မှ Drone ဖြင့် Drop Bomb တစ်လုံးချ တိုက်ခိုက်ခဲ့ရာ အဆိုပါ ဗုံးသီးသည် နယ်မြေရဲစခန်းဝင်း၏ အနောက် တောင်ဒေါင့် ခြံစည်းရိုးအပြင်ဖက်သို့ ကျရောက်ကာ ပေါက်ကွဲခဲ့သဖြင့် နယ်မြေရဲစခန်းရှိ တပ်ဖွဲ့ဝင်များ၊တပ်ဖွဲ့ဝင်မိသားစုများ၊ အဆောက်အဦးများ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း၊ ကျရောက်ပေါက်ကွဲခဲ့သည့်နေရာအနီး၌ ဆိုင်ဖွင့်၍ အဝတ်အထည်များရောင်းချနေသည့် အမျိုးသမီးတစ်ဦး(စီစစ်ဆဲ)သည် လွင့်စင်လာသည့် မိုင်းစထိမှန်၍ အနည်းငယ်ပွန်းပဲ့(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းတည့်ချိန်တွင် အကြမ်းဖက် PDF အဖွဲ့မှ Drone ဖြင့် Drop Bomb ၂လုံး ထပ်မံချပြီး တိုက်ခိုက်ခဲ့ရာ အဆိုပါ ဗုံးသီး ၂လုံးသည် ရဲစခန်းဝင်းအတွင်းရှိ စခန်းမှူး၏ရုံးခန်းအမိုးပေါ်သို့ ၁လုံးနှင့် စစ်ရေးပြကွင်းဘေးရှိ သစ်စိမ့်ပင်စိုက်ခင်းထဲသို့ ကျရောက် ပေါက် ကွဲခဲ့သဖြင့် ရုံးခန်းမိုးထားသည့်သွပ် အနည်းငယ်ပေါက်သွား​ပြီး ကျန်ထိခိုက်မှုမရှိကြောင်းသိရသည်။

အလားတူ ယင်းနေ့ မွန်းတည့်၁၂နာရီခွဲအချိန် ခန့်တွင် အကြမ်းဖက်PDFအဖွဲ့မှ Drone ဖြင့် Drop Bomb ၁လုံး ထပ်မံချပြီး တိုက်ခိုက်ခဲ့ရာ အဆိုပါ ဗုံးသီး ၁လုံးသည် ရဲစခန်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့် ရဲစခန်းဝင်းအတွင်းရှိ ရဲဝန်ထမ်းတစ်ဦး၏ ခြေသလုံးအား လွင့်စင်လာသည့် မိုင်းစထိမှန်ကာ အနည်းငယ်ပွန်းပဲ့ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး အခြား ထိခိုက်/ပျက်စီးမှုများ မရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22595?single

PAN

SZ