မိုးတိမ်တောင်များကြောင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လေပြင်းတိုက်ပြီးမိုးကြီးနိုင်

မေ ၁၅

      မိုးတိမ်တောင်များ ဖြစ်ပေါ်နေတာကြောင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ  လေပြင်းများ တိုက်ခတ်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

       မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနရဲ့ မေလ ၁၄ ရက် နံနက်ပိုင်းထုတ်ပြန်ချက်အရ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတွေ ဖြစ်နိုင်တယ် လို့ဆိုပါတယ်။

       ယနေ့ညနေအထိခန့်မှန်းချက်အနေနဲ့  တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက် ကျား မိုးထစ်ချုန်းရွာနိုင်ပြီး  ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

#PAN