ဖြူးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် အဘယမုနိ အောင်စည်ယွန်းဘုရားကြီးသို့ သွားရောက်ရန်ဆောက်လုပ်ထားသည့်တံတားအား KNU/PDF အဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့


မေ ၁၅

၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့ည ၈ နာရီ ၃၀ မိနစ်ချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ဇီးခုံကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာမှ အောင်စည်ယွန်းကျေးရွာရှိ ဇေယျဝတီဘုရားကြီးသို့ သွားရန် ဆောက်လုပ်ထားသော ဖြူးချောင်းကူး ကွန်ကရိတံတားအား အကြမ်းဖက်သောင်းကျန်းဖျက်ဆီးသူ KNU/PDF အဖွဲ့များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်းသတင်းအရ တာဝန်ရှိသူများက မေလ ၁၄ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့များမိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့်တံတား၏ အခြေအနေအားစီစစ်ခဲ့ရာ အဆိုပါတံတားမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မြို့ချောင်းကျေးရွာမှ အောင်စည်ယွန်းကျေးရွာရှိ “ရှေးဟောင်းသမိုင်းဝင်အဘယမုနိ အောင်စည်ယွန်းဘုရားကြီး” သို့သွားရောက်နိုင်ရန်အတွက် အဘယမုနိ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တအဂ္ဂသာရ (သာသနဓဇ ဓမ္မာစရိယ)ဦးစီး၍ နိုင်ငံတော်မှပံ့ပိုးငွေ(၅၁၂၀၀၀၀ဝိ/-)ကျပ်၊ အများပြည်သူမှ လှူဒါန်းငွေ (၉၆၉၈၅၈၀ဝိ/-)ကျပ်၊ စုစုပေါင်း ငွေကျပ် (၁၄၈၁၈၅၈၀ဝိ-/)ကျပ် ကုန်ကျခံဆောက် လုပ်ထားသည့် အလျား (၃၉၉)ပေ x အကျယ် (၁၄)ပေ x အမြင့် (၁၁)ပေရှိ သံကူကွန်ကရိတံတား (ဖြူးချောင်းကူးတံတား)အား အကြမ်းဖက် အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား၏အလယ်မှ ပေ (၃၀)ခန့် ကျိုးကျပျက်စီးသွားခဲ့ပြီး လူနှင့်ယာဥ်များ ဖြတ်သန်းသွားလာ၍ မရတော့ခြင်း ဖြစ်ကြောင်းသိရသည်။

“ရှေးဟောင်းသမိုင်းဝင်ဘုရားကြီးကိုလာရောက်ဖူးမျှော်တဲ့ အများပြည်သူသွားရ လာရအဆင်ပြေအောင် ဆရာတော်ကြီး ဦးဆောင်မတည်ပြီးလှူဒါန်းထားတဲ့တံတာပါ ဒေသခံပြည်သူတွေ အလှူငွေ တွေနဲ့ ခဲရာခဲဆစ်ဆောက်ထားရတာပါ ဒါကိုမဆီမဆိုင်အခုလိုဖျက်ဆီး မိုင်းခွဲတာကတော့ ရွံရှာစရာကောင်းပါတယ် အောက်တန်းစားတွေထင်ရာစိုင်းနေကြတာပါ ဘုရားကြီးရဲ့ကျိန်စာရော ပြည်သူ့ ကျိန်စာပါသင့်ကြမှာပါ မကြာတော့ပါဘူး “ဟု ဒေသခံရပ်မိ/ ရပ်ဖတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews/22588

PAN

KWN #SZ