ကျွန်းလှမြို့နယ်၊ အင်ဒိုင်းကျေးရွာအနီး အကြမ်းဖက် PDF များ၏ အလောင်း လက်နက် ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မေ ၁၅

ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ အင်ဒိုင်းကျေးရွာအနီး လုံခြုံရေးအဖွဲ့များ နယ်မြေရှင်းလင်းရေးဆောင်ရွက် နေစဉ် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အလောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းမိကြောင်း သိရသည်။

ယင်း ထိတွေ့ပစ်ခတ်မှုမှ အကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်ဗုံးသီး ၈ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22587

PAN

KWN #SZ