အစ္စရေးက ဟားမတ်စ်တို့ထက် အရပ်သားများကို ပိုမိုသတ်ဖြတ်နေဟု အမေရိကန် ပြော

မေ ၁၅

      အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အစ္စရေးသည် ဟားမတ်စ် စစ်သွေး ကြွများထက် အရပ်သားများကို ပိုမိုသတ်ဖြတ်နေသည်ဟု ဝန်ခံထားကြောင်း လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

       အစ္စရေးဝန်ကြီးချုပ်က အစ္စရေးတပ်ဖွဲ့များကြောင့် အကြမ်းဖက်သမား ၁၄,၀၀၀ ကျော်နှင့် အရပ်သား ၁၆,၀၀၀ ကျော် သေဆုံးသည်ဟု ပြောထားသော ကြောင့် အစ္စရေး၏ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အမေရိကန်ဘက်ကလည်း လက်ခံမှု ရှိ၊ မရှိ သတင်း ထောက်များမေးမြန်းရာ အန်တိုနီ ဘလင်ကန် က ယခုကဲ့သို့ ဝန်ခံထားခြင်း ဖြစ်သည်။

       အစ္စရေး၏လေ့လာတွက်ချက်မှု ပမာဏသည် အကြောင်းအကျိုးသင့်ကြောင်း၊ နောက် ထပ် စုံစမ်းစစ်ဆေးမှု ရာပေါင်းများစွာကိုလည်း လုပ်ဆောင်နေရဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ထိုသို့သော အခြေအနေနှင့် ပတ် သက်၍ အမေရိကန်အနေဖြင့် အစ္စရေးတို့ စစ်လက်နက်ပစ္စည်းများ ပေးပို့မှုရပ်တန့်ရန် ဆန္ဒ ရှိ၊မရှိ အပေါ် သတင်းထောက်က မေးမြန်းရာ အစ္စရေးသို့ စစ်လက်နက်များပေးပို့မှု ရပ်တန့်ရန်အစီအစဉ် မရှိကြောင်း အန်တိုနီ ဘလင်ကန် ကဆိုသည်။ သို့သော် ဗုံးသီးအရေအတွက် ၃,၅၀၀ ပေးပို့ရန် စီစဉ်ထားမှုကိုမူ ဆိုင်းငံ့ထားကြောင်း၊ အဆိုပါ ဗုံးများကို ရာဖာကဲ့သို့သော လူထူထပ်သည့်နေရာများတွင် အသုံးပြုပါက ကြီးမားသော သက်ရောက်မှု ရှိစေမည်ဖြစ်သည့်အတွက် ဆိုင်းငံ့ထားရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

      ဟားမတ်စ် စစ်သွေးကြွများ၏ လျှပ်တစ်ပြတ် တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူ ၁,၂၀၀ နီးပါးသေဆုံးပြီး ၂၄၀ ခန့် အဖမ်းခံရသည်။ အစ္စရေးတို့ ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသ၌ သေဆုံးသူအရေအတွက်မှာ ၃၅,၀၀၀ ကျော် ရှိကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ပြန်ထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN