စျေးဝယ်ပြန်လာသည့် မော်တော်ယာဥ်ကို အကြမ်းဖက် PDF အဖွဲ့မှ ရပ်တန့်ခိုင်းပြီး ယာဥ်မောင်းနှင့် ယာဥ်အကူအား ပစ်သတ်


(ပြည်တွင်း)မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အိုင်မရိုးကျေးရွာ မြောက်ဘက်(၁)မိုင်ခန့်အကွာတွင် အမည်မသိ အမျိုးသား ၂ ဦး သေနတ်ဒဏ်ရာများနှင့် လဲကျ သေဆုံး​နေကြောင်း သိရသည်။

ယမန်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က မလှိုင်မြို့နယ်၊ အိုင်မရိုးကျေးရွာမြောက်ဘက် ၁ မိုင်ခန့်အကွာ၊ မလှိုင်-နွားထိုးကြီးသွား မြို့နယ်ချင်းဆက် ကားလမ်းဘေးတွင် 7P/3625၊ Light Truck အဖြူရောင်မော်တော်ယာဉ် ၁ စီးအား ကုန်ပစ္စည်းများ ပြန့်ကြဲလျက် ရပ်တန့်ထားသည်ကို တွေ့ရှိပြီး ၎င်းယာဉ်နှင့် ပေ ၁၀၀ ခန့် အကွာ ကားလမ်း၏ ဝဲဘက်ခြမ်းယာခင်းထဲ၌ ကိုမောင်ကြည်၊ ၄၈ နှစ်၊(ဘ)ဦးကောင်းမှီ၊ တောင်သူ၊ သရက်ကန်မြောက်ရွာ၊ မလှိုင်မြို့နယ်နေသူတွင် ယာ-နားနောက် ဦးခေါင်း နောက်စေ့ ဖောက်ဝင်ဒဏ်ရာ၊ လည်ပင်း ဖောက်ဝင်ဒဏ်ရာ၊ ဝဲ-ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ၊ ယာ-ပုခုံး ပွင့်ထွက်ဒဏ်ရာ၊ ဝဲ-ခါး ဖောက်ဝင်ဒဏ်ရာများဖြင့် လည်းကောင်း၊ ကိုကျော်ဇောလင်း(ခ)ချစ်ပီး၊ ၃၃ နှစ်၊ (ဘ)ဦးဖိုးရီ၊ ယာဉ်မောင်း၊သရက်ကန်မြောက်ရွာ၊ မလှိုင်မြို့နယ်နေသူတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ၊ ယာ-လက်မောင်း/ယာ-လက်ဖျံ စုတ်ပြဲကျိုးပဲ့ ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးလျက် တွေ့ရှိခဲ့​​ကြောင်း သိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူ ကိုမောင်ကြည်နှင့် ကိုကျော်ဇောလင်းတို့သည် မလှိုင်မြို့မှ ဈေးဝယ်ကာ မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် ၎င်းအခင်းဖြစ်နေရာအနီး အရောက်၌ အကြမ်းဖက် သောင်းကျန်း သူများက ကားအား ရပ်တန့်ခိုင်းပြီး ကိုမောင်ကြည်နှင့် ကိုကျော်ဇောလင်းတို့အား ကားပေါ်မှဆွဲချကာ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ထွက်ပြေးသွားခဲ့ ကြောင်း၊ အခင်းဖြစ်နေရာအနီးမှ အမျိုးအစား(စီစစ်ဆဲ) ကျည်ခွံ ၅ ခွံအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22605?single

PAN

AMK #SZ