ဂါဇာတောင်ပိုင်းနှင့် မြောက်ပိုင်းစစ်ဆင်ရေးများတွင် IDF တပ်ဖွဲ့ဝင်များနှင့် အရပ်သားများ အပြင်းအထန် ဒဏ်ရာရရှိခဲ့

မေ ၁၅

      ဂါဇာကမ်းမြှောင်ဒေသ၌ တနင်္ဂနွေညနှင့် တနင်္လာ နေ့များမှာ အစ္စရေးတပ်မတော် IDF မှ စစ်သည် ၅ ဦးနှင့် အရပ် သား ကန်ထရိုက်တာတစ်ဦး ဒဏ်ရာအပြင်း အထန်ရရှိခဲ့ပြီး၊ ဂါဇာတောင်ပိုင်း တနင်္လာနေ့ တိုက်ပွဲတွင် Yahalom တပ်ဖွဲ့မှ IDF စစ်သည် ၂ ဦးနှင့် ကာကွယ်ရေး ဝန်ကြီးဌာန အတွက် အလုပ်လုပ်သော  အရပ် သား ကန်ထရိုက်တာ တစ်ဦးတို့ ဒဏ်ရာအပြင်း အထန် ရရှိခဲ့သည်ဟု The Times of Israel သတင်းအရ သိရပါသည်။

      စနေနေ့က Nir Am ဧရိယာရှိ ဂါဇာနယ်စပ်အနီး စစ်ဆင်ရေး မတော်တဆမှု၌ အမှတ် ၅၁ တပ်ရင်းမှ စစ်သည် ၂ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကာ ဂါဇာမြောက်ပိုင်းရှိ Rotem တပ်ရင်းမှ အခြားစစ်သည် တစ်ဦးလည်း တနင်္ဂနွေညတွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ဒဏ်ရာရရှိသူအားလုံးကို ဆေးရုံအသီးသီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရပါသည်။

     အလားတူ ဂါဇာကမ်းမြှောင် မြောက်ပိုင်း စစ်ဆင်မှု၌ လေကြောင်းချီ တပ်မဟာ၊ အမှတ် ၂ဝ၂ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့သည်ဟု IDF က အင်္ဂါနေ့က ထုတ်ပြန် ကြေညာခဲ့ကာ Givati တပ်မဟာ၏ Tzabar တပ်ရင်းမှ စစ်သည်တစ်ဦးလည်း ဂါဇာကမ်းမြှောင်တောင်ပိုင်းတွင်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ငည်ဟု ဆိုသည်။ အဆိုပါ ထုတ်ပြန်ချက်မှ စစ်သည် ၄ ဦးစလုံးကို ဆေးရုံသို့ ဆက်လက် ကုသရန် ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့၏ မိသားစုများကို လည်း အကြောင်းကြားခဲ့ကြောင်း သိရပါ သည်။

#PAN