ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများဆွေးနွေးရန် တရုတ်နှင့်ရုရှား သမ္မတနှစ်ဦး ဘေဂျင်းတွင်တွေ့ဆုံမည်


မေ ၁၅

ကမ္ဘာလုံးဆိုင်ရာပဋိပက္ခအရေးများဆွေးနွေးရန် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မေလ ၁၆ ရက်နေ့ ကြာသပတေးနေ့တွင် ဘေဂျင်းတွင်တွေ့ဆုံမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံမှုတွင် ယူကရိန်းနှင့် ဂါဇာကမ်းမြောင်ရှိ စစ်ရေးပဋိပက္ခများကို ဦးတည်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

နှစ်ရက်ကြာတွေ့ဆုံမည့် အဆိုပါခရီးစဉ်သည် စစ်ပွဲများအတွင်း စီးပွားရေးရှင်သန်မှုအား တွန်းအားပေးလုပ်ဆောင်ရန် ရည်ရွယ်ကြောင်းသိရသည်။

ရုရှားသမ္မတ၏ ခရီးစဉ်မတိုင်မှီ တရုတ် နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် ဆင်ဟွာသတင်းဌာန၏ တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတပူတင်က “ အလားလာကောင်းသော နိုင်ငံများ၏ အချုပ်အခြာအာဏာကိုခိုင်ခံ့စေပြီး ကျွန်ုပ်တို့ နိုင်ငံများ၏ နယ်မြေလုံခြုံရေးကို ကာကွယ်ရန်”ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Telegram»…
https://t.me/positiveanglenews/22599

PAN

AMK #SZ