အခြေခံပညာကျောင်းများတွင် ကျောင်းသုံးစာအုပ်နှင့် ကျောင်းသုံးကိရိယာများ အခမဲ့ ထောက်ပံ့မည်


(ပြည်တွင်း) မေ ၁၄

လာမည့် ဇွန်လ ၃ ရက်မှာ စတင်ဖွင့်လှစ်မယ့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံကျောင်းများမှာ ကျောင်းသုံးစာအုပ်နှင့် ကျောင်းသုံးကိရိယာများအား အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန ကနေ အသိပေးထားပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ အသိပေးချက်တွင် KG တန်းမှ Grade 5 အထိကို ကျောင်းသုံးစာအုပ်များအပါအဝင် ဗလာစာအုပ်၊ ခဲတံ နှင့် ကျောင်းဝတ်စုံ တစ်စုံစီ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Grade 6 ကနေ Grade 12 အထိကို ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်၊ ‌ခဲတံ ၊ ဘောပင်များ ထောက်ပံ့ပေးမည့်အပြင် အတန်းအားလုံး ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာ ကြေး၊ စာကြည့်တိုက်ကြေးအပါအဝင် မည်သည့် အခကြေးငွေမျှ လုံးဝမကောက်ခံကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနက ကျောင်းအုပ်ဆရာ၊ ဆရာမများ အပါအဝင် သင်ကြားရေး ဆရာ၊ ဆရာမများနှင့် အမှုထမ်း၊ အရာထမ်းများအားလုံးအတွက် လိုက်နာရမယ့် စည်းကမ်းများကိုလည်း တင်းတင်းကြပ်ကြပ် အသိပေးထုတ်ပြန်ထားပါတယ်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေလ ၂၃ ရက် ကနေ ဇွန်လ ၂ ရက်အထိ သတ်မှတ်ထားကာ ဇွန်လ ၃ ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာ ကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တပြိုင်တည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22563

PAN

SZ