လှိုင်သာယာမြိုနယ်တွင် အိမ်ရာတစ်ခုတည်ဆောက်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအားဖိတ်ခေါ်


(ပြည်တွင်း) မေ ၁၄

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိင်သာယာ(အနောက်ပိုင်း)မြိုနယ်ရှိ စည်ပင်ပိုင်မြေ ၃ ဧက ကျော်ပေါ်တွင် ၆ ထပ်တိုက် အလုံး ၂၀ တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံလိုသည့် မြန်မာနိုင်ငံသားပိုင် ပြည်တွင်း ကုမ္ပဏီများကို တင်ဒါတင်သွင်းနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဖိတ်ခေါ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

အဆိုပါ စီမံကိန်းများကို လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၉ ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကျန်စစ် သားလမ်းကြား၊ ပေါင်းကူးလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲမှ စီမံခန့်ခွဲခွင့်ရှိသည့် အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံဖြင့် မြေဧရိယာ ၃ ဒသမ ၅၀၈ ဧကမှာ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် တည်ဆောက်မယ့်စီမံကိန်းအရ ၄ ခန်းတွဲ ၆ ထပ်တိုက် RC အဆောက်အဦအမျိုးအစား အလုံး ၂၀ ဆောက်လုပ်သွားမှာြဖစ်ပါတယ်။ ၎င်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက် လိုသည့် မြန်မာနိုင်ငံသားပိုင် ပြည်တွင်းကုမ္ပဏီများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တင်ဒါစိစစ်ကြီးကြပ် ရေးအဖွဲ့တွင် မှတ်ပုံတင်ပြီး တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

တင်ဒါလျှောက်လွှာများကို မေလ ၂၀ ရက်မှ ဇွန်လ ၁၄ ရက်အထိ ဗိုလ်တစ်ထောင်မြို့နယ်၊ ကုန်သည်လမ်း၊ အမှတ်(၃၉၉)၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီတွင် ရောင်းချပေးသွားမှာဖြစ်သလို တင်ဒါတင်သွင်းရမယ့် နောက်ဆုံးရက်မှာ ဇွန်လ ၂၁ ရက်ဖြစ်ပြီး မြေပြင်အခြေအနေအား သိရှိလိုပါက အင်ဂျင်နီယာဌာန(အဆောက်အအုံ)သို့ဆက်သွယ်မေးမြန်းကာ ရုံးချိန်အတွင်း သွားရောက်ကြည့်ရှုနိုင်တယ် လို့သိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22571

PAN

SZ