(ပြည်တွင်း)မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာအုပ်စု၊ ရွှေပြည်ကျေးရွာရှိ ရွှေပြည်လုံခြုံရေးလှုပ်ရှားရဲကင်းစခန်းတွင် ယမန်နေ့ ည ၉ နာရီကျော် အချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက် PDF အဖွဲ့ (စီစစ်ဆဲ)မှ အကြမ်းဖက် PDF ဟု ယူဆရသည့် အမျိုးသား ၁ ဦးသည် လုံခြုံရေးစခန်းအား လာရောက်ချောင်းမြောင်းသဖြင့် ပစ်ခတ်ရာ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ PDF ဟု ယူဆရသည့် အမျိုးသား ၁ ဦးသည် ရွှေပြည်ကျေးရွာမြောက်ဘက် ၁ မိုင်ခန့်အကွာ၊ ညောင်ဝန်းကျေးရွာဘက်မှ လမ်းလျောက်လာပြီး ရဲကင်းအနီး လာရောက် ချောင်းမြောင်းခဲ့ရာ ရွှေပြည်ရဲကင်းမှ လုံခြုံရေးတာဝန်ကျ ကင်းအဖွဲ့မှ “ရပ် ဘယ်သူလဲ” ဟုမေးရာ ဖြေကြားခြင်းမရှိဘဲ လာလမ်း အတိုင်း ထွက်ပြေးသွားခဲ့သဖြင့် ကင်းတာဝန်ကျ ရဲဝန်ထမ်းမှ ၎င်းကိုင်ဆောင်သည့် သေနတ်ဖြင့် ၃ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်ခန့်၊ အမည်မသိအမျိုးသားမှာ ယာဘက်ကျောပြင်မှ ဖောက်ဝင်ပြီး ယာဘက် ပါး ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် လဲကျသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
Telegram>>…
https://t.me/positiveanglenews/22573