ပြိုင်ဘက်အပြောင်းလဲ ထပ်ဖြစ်ပြန်တဲ့ ​ဂျော့ရှုဝါဗန်​

(အားကစား) မေ ၁၄

​ဂျော့ရှုဝါဗန်​က လာမယ့် ဇွန်​လ(၁)ရက်​​နေ့မှာ ဂျပန်​ဖိုက်​တာ တက်​ဆူရို တိုင်​ရာနဲ့ပွဲစဉ် ပျက်ပြယ်သွားကြောင်းသိရပါတယ်။

UFC က ဂျပန်​ဖိုက်​တာ တက်​ဆူရို တိုင်​ရာကို UFC Fight Night ပြိုင်ပွဲမှာ ​ခေါင်​ပွဲစဉ်​အဖြစ်​ အဲလက် ပီရက်ဇ်နဲ့ ​​ပြောင်းလဲထိုးခိုင်းလိုက်​ပါတယ်​။

အဲ့ဒီပွဲစဉ်မှာ ​ဂျော့ရှုဝါဗန်​ကိုလဲ အူလန်ဘီကော့ နဲ့ ပြောင်းထိုးခိုင်းလိုက်တယ်လို့ သိရတယ်။ ဂျော့ရှုဝါဗန်ကတော့ UFC မှာ(၃)ပွဲဆက် အနိုင်ယူပြထားပါတယ်။

အဆိုပါပွဲစဉ်ကို လာမယ့် ဇွန်လ(၁၅) ရက်နေ့မှာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။