ပြင်သစ်လိဂ်ဂူးဝမ်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို (၅)နှစ်ဆက်ရရှိခဲ့တဲ့ အမ်ဘက်ပေ

(အားကစား) မေ ၁၄

PSG တိုက်စစ်မှူး ကီလီယန်အမ်ဘက်ပေဟာ ပြင်သစ်လိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို နောက်ဆုံး ငါးနှစ်ဆက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

အသက်(၂၅)နှစ်အရွယ်ကစားသမား ဘာပေအနေဖြင့် ယင်းဆုကို ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ ခုနှစ်များတွင် ငါးနှစ်ဆက် ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် COVID-19 ကြောင့် ပြိုင်ပွဲ ဖျက်သိမ်းခဲ့သဖြင့် ဆုချီးမြှင့်နိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

ဘာပေ၏နောက်တွင် အီဘရာဟီမိုဗစ်က သုံးကြိမ်၊ ဟာဇက်နှင့် ပေါ်လက်တာက နှစ်ကြိမ်စီ အများဆုံး ရရှိထားပါတယ်။

ပြင်သစ်တိုက်စစ်မှူးအမ်ဘာပေဟာ ယခုရာသီအကုန်မှာ PSGအသင်းကနေ ထွက်ခွာမယ်လို့ ဆိုရှယ်မီဒီယာကနေတဆင့် တရားဝင်ကြေညာသွားခဲ့ပါတယ်။ အမ်ဘာပေအနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ ပြောမသွားပေမဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။