တပ်မတော်လေ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် KIA စစ်ဦးစီးချုပ် သေဆုံးကြောင်း ဒေသတွင်းမှာ သတင်းထွက်ပေါ်နေ

(ပြည်တွင်း) မေ ၁၄

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၏ စစ်ဦးချုပ်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် မေလ ၁၃ ရက်နေ့ ညနေ ၆ နာရီချိန်တွင် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် သေဆုံးသွားကြောင်း KIA မှ သတင်းထုတ်ပြန်ထားသည်။

စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် အသည်းရောဂါခံစားနေရပြီး နာမကျန်းဖြစ်ကာ လိုင်ဇာမှာ ကွယ်လွန်သွားသည်ဟု KIA ကပြောသည်။

ပြီးခဲ့သည့် မတ်လကုန်နှင့် မေလဆန်းပိုင်းတွင်း NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းတို့ဟာ KIA /PDF သိမ်းပိုက်ခဲ့သည့် ဘွမ့်ရေဘွမ် ပွိုင့် ၇၇၁ စခန်းကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့သကဲ့သို့ ​​ရှေ့တန်းစခန်းတစ်ချို့ကို သွရောက်နေစဥ် တပ်မတော်လေမှ ဂျက်ဖွိုက်တာများ၏ ပစ်ခတ်မှုကိုခံခဲ့ကြရပြီး တရုတ်နိုင်ငံတွင် တစ်လ နီးပါးဆေးဝါးကုသမှုခံနေရာက နေအိမ်တွင်ပြန်လည်သေးဆုံးခဲ့တာဖြစ်ကြောင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။

တပ်မတော်လေယာဥ်၏ ပစ်ခတ်မှုကို KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးခေါင်လွမ်းနှင့်အတူ NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်လည်း ခံစားခဲ့ရပြီး ၎င်းမှာ ပျောက်ဆုံးနေသည်။

သေဆုံးသွားသည့် KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် အသက် (၆၂) နှစ်အရွယ်ရှိပြီးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့သူဖြစ်ကာ ၁၉၈၈ ခုနှစ်နောက်ပိုင်း KIA မှာ စတင်ဝင်ရောက်အမှုထမ်းခဲ့ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများတွင် ဥာဏ်များကြောင်း ကချင်တပ်ဖွဲ့တွင်းမှ အခြားတိုင်းရင်းတပ်ဖွဲ့ဝင်များအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံသူတစ်ဦးဖြစ်ကြောင်း အမှတ် ၁ စစ်ဒေသမှူးအဖြစ်လည်းတွဲဖက်တာဝန်ယူထားသူဖြစ်ကြောင်း ၎င်းကို ကြိုက်နှစ်သက်ခြင်းမရှိသည့်အတွက်​ကြောင့် KIA တပ်ဖွဲ့ဝင်များအလင်းဝင်ရောက်မှုများရှိခဲ့ကြောင်း သတင်းအရင်းအမြစ်များ၏ပြောဆိုချက်များအရ သိရသည်။

#PAN