ကောင်းမြတ်ပြည့်စုံ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နှင့်စံပြစက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တို့ ၂ ဦးစလုံး ပစ်သတ်ခံရ


(ပြည်တွင်း) မေ ၁၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကော့ကမယ်ကျေးရွာ၊ ယွန်းဒလင်းကုန်းကျေးရွာ အုပ်စုနေတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်က “ကောင်းမြတ်ပြည့်စုံ” စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်နှင့် “စံပြ”စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ၂ ဦးတို့အား အကြမ်းဖက်သောင်းကြမ်းသူ KNU/PDF(စိစစ်ဆဲ)အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သိရှိရသည်။

“ကောင်းမြတ်ပြည့်စုံ” စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင် ဦးနိုင်လင်းထွန်း(ခ)ကိုနိုင် နှင့် “စံပြ”စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးအောင်ထွေးတို့ သည် “ကောင်းမြတ်ပြည့်စုံ” စက်သုံးဆီဆိုင် တွင် အတူစကားပြောနေစဉ် ၂ ဦးစလုံး ပစ်သတ်ခံရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အကြမ်းဖက်သောင်းကြမ်းသူ KNU/PDF(စိစစ်ဆဲ)အဖွဲ့ဝင် အမျိုးသား ၂ ဦးသည် ဆင်အင်းရွာဘက်မှ ဆီဆိုင်အတွင်းသို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လာရာလမ်းအတိုင်း ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးနိုင်လင်းထွန်း(ခ)ကိုနိုင် တွင် လည်ပင်းဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ နောက်စေ့ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ လက်မောင်းရှပ်ထိ ဒဏ်ရာ ၁ ချက်၊ ဝဲလက်မောင်း ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲပုခုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပေါင် ဖောက်ဝင်ဒဏ်ရာ ၁ ချက် နှင့် ဦးအောင်ထွေးတွင် ရင်ညွန့်တည့်တည့်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာဘက်ရင်အုံဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာနံဘေးဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲပုခုံးဖောက်ဝင် ဒဏ်ရာ ၄ ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို မွန်းလွဲ ၂ နာရီအချိန် တောင်စွန်းလူမှုကူညီရေးအသင်းပိုင် မော်တော်ယာဉ်ဖြင့် ဘီးလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ မှုခင်းဆေးစာဖြင့် ပို့ဆောင်ထားရှိခဲ့ ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22569?single

PAN

KWN #SZ