ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ အခွန်လျော့ပေါ့စေဖိုရည်ရွယ်ပြီး စာရင်းလိမ်လည်တင်ပြပါက အရေးယူခံ ရမည်


(ပြည်တွင်း) မေ ၁၄

ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေနဲ့ အခွန်လျော့ပေါ့စေဖို့ရည်ရွယ်ပြီး စာရင်း လိမ်လည်တင်ပြပါက ထိရောက်စွာအရေးယူခံရမယ်လို့ အလုပ်သမား၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့စေလွှတ်ရန် OWIC ပြုလုပ်ခဲ့တဲ့ အေဂျင်စီများ အားလုံးအနေနဲ့ OWIC ပြုလုပ်ခဲ့တဲ့ စာရင်းများနှင့် အမှန်တကယ်စေလွှတ်ခဲ့တဲ့ စာရင်းတွေကို မေလ ၁၇ ရက်နောက်ဆုံးထားကာ တင်ပြရမှာ ဖြစ်ပါတယ်။

OWIC ပြုလုပ်ခဲ့မှုစာရင်းများကို ဂျပန်နဲ့ စင်္ကာပူနိုင်ငံအတွက် အလုပ်အကိုင်အမျိုးအစား သို့မဟုတ် Zero Cost လုပ်သားစေလွှတ်ခဲ့ပါက သက်ဆိုင်ရာနိုင်ငံအလိုက် ခွဲခြားဖော်ပြပြီး ပြုစုတင်ပြရမှာ ဖြစ်ပါတယ်။

Zero Cost ဖြင့်စေလွှတ်ခဲ့တဲ့ စာရင်းများကို ဖော်ပြပါက အေဂျင်စီအမည်၊ ပြည်ပကုမ္ပဏီအမည်၊ လိပ်စာ (Email၊ ဖုန်းနံပါတ်) စေလွှတ်လုပ်သားဦးရေတိုပါတဲ့ဇယားကို OWIC ပြုလုပ်ခွင့်ပြုခဲ့တဲ့ Telegram ပါ ကြေညာချက် ဇယားကို ပူးတွဲတင်ပြဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံအတွက် U-Turn(အလုပ်မပြောင်း)စာရင်းကို ဖော်ပြမည်ဆိုပါက အလုပ်သမားများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်စာရင်းပြုစုကာ ယခင်ကပြုလုပ်ခဲ့တဲ့ OWIC ကတ်မိတ္တူနဲ့ အသစ်ထုတ်ယူခဲ့တဲ့ OWIC ကတ်မိတ္တူတိုကို ပူးတွဲတင်ပြရမယ်လို့ သိရပါတယ်။

ပူးတွဲစာရင်းမှာ အေဂျင်စီက OWIC ပြုလုပ်ထားခြင်းမရှိဘဲ နိုင်ငံအလိုက်စာရင်းများ လွဲမှားပါရှိနေခြင်း၊ စာရင်းများ ကိုက်ညီခြင်းမရှိပါက မြောက်ဒဂုံတာ၀န်ခံအရာရှိထံကို သွားရောက်ကာ စာရင်းစစ်ဆေးညှိနှိင်း ပြင်ဆင်ပြီး မှန်ကန်ကြောင်းထောက်ခံချက်ရယူကာ ပူးတွဲတင်ပြဖို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews/22564

PAN

SZ