Rafah စစ်ဆင်ရေး အပြည့်အဝ လုပ်ဆောင်မှုကို ရှောင်ရှားရန် အမေရိကန်က အစ္စရေးသို့ ထောက်လှမ်းရေး သတင်းများ ပေးအပ်ရန်ရှိ

မေ ၁၃

      Rafah ၌ IDF ၏ ကျယ်ပြန့်သော စစ်ဆင် ရေးကို ရှောင်ရှားရန် အစ္စရေးသို့ ဘိုင်ဒင်အစိုးရအဖွဲ့က အရေး ကြီးသော ထောက်လှမ်းရေး အချက်အလက်များ ထောက်ပံ့ပေးရန် ကမ်းလှမ်းထားသည်ဟု အရာရှိ ၄ ဦးအား ကိုးကား၍ စနေ နေ့ ဝါရှင်တန်ပို့စ်မှ ဖော်ပြခဲ့သည်။ သတင်းအဆိုအရ အမေရိကန်က ပေးအပ်မည့် အချက်အလက်များ၌ ဟားမတ်စ်ခေါင်းဆောင်များ၏ တည်နေရာများနှင့် အကြမ်းဖက်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းများနှင့် ပတ်သက်သည့် အသေးစိတ် အချက် အလက်များ ပါဝင်သည်ဟု ဆိုသည်။

       ထို့အပြင် အဆိုပါ အဆိုပြုချက်၌ ပါလက်စတိုင်းတို့အတွက် အမိုးအကာများ ထောက်ပံ့ပေးရေးနှင့် ဂါဇန်များအတွက် ရေ၊ အစားအစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးရန် ပို့ဆောင်ရေး ယန္တရားများ တည် ဆောက်ရာတွင် အမေရိကန်၏ အကူအညီများ ပါဝင်ကြောင်း သိရပါသည်။

       ၎င်းသတင်းသည် IDF မှ အရပ်သားများကို
ဧရိယာမှ ရွှေ့ပြောင်းရန် ပြောဆိုခဲ့ပြီးနောက် ပြီးခဲ့
သည့် သီတင်းပတ်က ဂါဇာကမ်းမြှောင်ရှိ အစ္စရေး
၏ Rafah စစ်ဆင်ရေး စတင်ခဲ့ချိန်အတွင်း ထွက်
ပေါ်လာခြင်းဖြစ်သည်။

       IDF သည် Rafah အရှေ့ဘက်ခြမ်းတွင် တိကျ သော တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး၊ ထို့နောက်တွင် မြေပြင်တပ်များက Rafah ဖြတ် ကျော်၏ ပါလက်စတိုင်းဘက်ခြမ်းကို သိမ်းပိုက်ခဲ့သည်။ အိမ်ဖြူတော်အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ John Kirby က အမေရိကန်သည် ထောက်လှမ်းရေး သတင်းမျှဝေမှုများ အပါအဝင် အစ္စရေးနှင့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရှေ့တန်းတွင် ရှည်လျားပြီး ခိုင်မာသော ဆက်ဆံရေးရှိသည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

       အိမ်ဖြူတော်သည် Rafah ၌ IDF ၏ လှုပ် ရှားမှုများနှင့် ပတ်သက်၍ ၎င်း၏ စိုးရိမ်မှုများ ကို ထုတ်ဖော်ပြောဆိုခဲ့ကာ IDF သည် Rafah မှာ အကြီးစား စစ်ဆင် ရေးများ လုပ်ဆောင်မည် ဆိုပါက အစ္စရေးသို့ အမေရိကန်၏ လက်နက် အကူအညီများအား ရပ်တန့်မည်ဟု အမေရိကန် သမ္မတဂျိုးဘိုင်ဒင် က ပြီးခဲ့သော သီတင်းပတ် CNN အင်တာဗျူးတစ်ခုတွင် သတိပေးခဲ့သည်။

#PAN