သီပေါမြို့က ရွှေဆိုင်တစ်ဆိုင် ရွှေသုံးပိဿာနဲ့ ငွေသိန်းတစ်ရာ ဓားပြတိုက်ခံရ


မေ ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့က ရွှေဆိုင်တစ်ဆိုင်မှာ ရွေသုံးပိဿာနဲ့ ငွေကျပ်သိန်းတစ်ရာ ဓားပြတိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်မှာ သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက်က”ရွှေချိန်ခွင်” ရွှေဆိုင်ဖြစ်ပြီး မေလ ၁၂ ရက်နေ့က ဓားပြတိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဆိုင်ဖွင့်နေချိန် နေ့လယ်ပိုင်းက အိမ်စီးကားတစ်စီးနဲ့ ရောက်ရှိလာတဲ့ အမျိုးသမီးတစ်ဦးပါဝင်တဲ့ လူ ၄ ဦးနဲ့အဖွဲ့ဟာ ရွှေဆိုင်ထဲကိုဝင်ပြီး သေနတ်ပြ ခြိမ်းခြောက်ဓားပြတိုက်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

VK Link>>…
https://vk.com/wall-220066330_6355

Telegram»…
https://t.me/positiveanglenews/22535

PAN

MTM #SZ