လွိင်ကော်မြို့၊ နောင်ယားဟိုတယ်အနီးနှင့် လွိင်ကော်အကျဉ်းထောင်အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွား


(ပြည်တွင်း )မေ ၁၃

ကယားပြည်နယ်၊ လွိင်ကော်မြို့၊ နောင်ယားဟိုတယ်အနီးနှင့် လွိင်ကော်အကျဉ်းထောင်အနီးတွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၎င်း ထိတွေ့တိုက်ပွဲအတွင်း KNPP/KNDF ၁ လောင်း၊ လက်နက် ၁ လက်၊ အမ်(၂၂) ကျည်အိမ် ၄ ခုနှင့် ကျည် ၈၅ တောင့် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှဘက်မှ ထိခိုက်မှုတစ်စုံတရာမရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22544?single

PAN

SZ