ပြည်-ပေါက်ခေါင်း ကားလမ်းမပေါ်တွင် အမည်မသိ အမျိုးသား အလောင်း‌‌တွေ့ရှိ


မေ ၁၃

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပေါင်းတလည်မြို့၊ အနောက်ပိုင်းရပ်ကွက်၊ ပြည်-ပေါက်ခေါင်း ကားလမ်းမပေါ်တွင် ယနေ့နံနက် ၆ နာရီ ၂၀ ချိန့်ခန့်က အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းအားတွေရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းပေါ်တွင် အနက်ရောင်သေမင်းတမန်အဖွဲ့ စာတမ်းချိတ်ဆွဲထားကြောင်း၊ သေဆုံးသူအား သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဆက်လက် စုံစမ်းလျှက်ရှိပါကြောင်း ကနဦး သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews/22526?single

PAN

SZ